၂၀၁၆ ခုနှစ်နောက်ပိုင်း ပုဂ္ဂလိဘဏ်တွေမှာ အပ်ငွေ ဘီလျံပေါင်းများစွာ တိုးလာရခြင်း နောက်ကွယ်

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ထားခဲ့တဲ့ ဗဟိုဘဏ်ရဲ့ အမိန့် ညွှန်ကြားချက်တစ်ရပ်ဟာ အခုဆိုရင် တစ်နှစ်ပြည့်ဖို့ လအနည်းငယ်ပဲ လိုပါတော့တယ်။ တစ်နှစ်ပြည့်ဖို့ နီးလာတာနဲ့ အမျှ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အပေါ် တာဝန်ရှိသူတွေက ဘယ်လောက်အထိ လိုက်နာနေတာလဲ၊ လိုက်နာပြီးပြီလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာနေပြီဖြစ်ပါတယ်။ အဓိကအားဖြစ်တော့ အဲ့ဒီလက ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁၈/၂၀၁၉ရဲ့ ထုတ်ပြန်ခဲ့တဲ့အထဲပါတဲ့ ဆက်သွယ်ဆောင်ရွက်သူရဲ့ ဓနဥစ္စာနဲ့ ဝင်ငွေရလမ်းဇာစ်မြစ်ကို စိစစ်ရမယ် (အပိုဒ်(၈)(ခ)ပုဒ်မခွဲ ၃) ဆိုတဲ့ အချက်နဲ့ မည်သူမည်ဝါမှန်း သတ်မှတ်ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ အမည်၊ အက္ခရာ၊ ဖန်တီးထားတဲ့အမည်တွေနဲ့ ဘဏ်စာရင်းဖွင့်ပေးတာ၊ လက်ခံထိန်းသိမ်းပေးတာတွေ မပြုလုပ်ဖို့ တားမြစ်ထားတဲ့ (ပုဒ်မ ၉) အချက်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်စိစစ်ပြီးပြီလဲဆိုတာ အများက သိလိုနေကြတာပဲ ဖြစ်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌဒေါက်တာမောင်မောင်လေးက “နိုင်ငံတကာမှာတော့ ဘဏ်ထဲ ပိုက်ဆံ လာအပ်ရင် သူဒီငွေတွေကို ဘယ်ကရသလဲ။ အခွန်ဆောင်ထားပြီးတဲ့ ငွေတွေလား၊ ဘယ်လိုရတာလဲ စိစစ်ပါတယ်။ ဒါဟာ ဘဏ်ရဲ့ အလုပ်ပါ။ ဒီလို စိစစ်တာက အဓိကကတော့ ငွေမည်းတွေ ဝင်မလာဖို့ပဲ” လို့ ပြောပါတယ်။ သည်ထုတ်ပြန်ချက်ဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါပြီး ကောင်းမွန်တဲ့ တားမြစ်ချက်တွေဖြစ်တဲ့အပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အစိုးရလက်ထက် ဗဟိုဘဏ် ထုတ်ပြန်ခဲ့တဲ့ အမိန့် ညွှန်ကြားချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၀ မတ်လ အတွင်းက သက်တမ်းရှည်ဘဏ်တစ်ခုဖြစ်တဲ့ အာရှရန်ကုန်ဘဏ်ကို ဘဏ်ရဲ့အဆိုပြုငွေတွေဟာ အခွန်ထမ်းဆောင်ပြီး တရားဝင်ရငွေမဟုတ်တာနဲ့ ဘဏ် ရှယ်ယာတွေ အရောင်းအဝယ်ပြုလုပ်ခဲ့စဉ် ပေးချေခဲ့တဲ့ ငွေတွေဟာ အခွန်ဆောင်ပြီး တရားဝင် ဝင်ငွေတွေမဟုတ်တာနဲ့ပတ်သက်ပြီး ဘဏ်ဖျက်သိမ်းလိုက်တာလည်း ရှိခဲ့တာတွေကြောင့်လည်း ပါတယ်လို့ စီးပွားရေးပညာရှင်အချို့က ပြောပြကြပါတယ်။

အာရှရန်ကုန်ဘဏ်ကို ဗဟိုဘဏ်က ဖျက်သိမ်းလိုက်တဲ့အထဲမှာ ငွေမည်းတွေအပြင် မြန်မာနိုင်ငံသားအမည်ခံတွေနဲ့ ထူထောင်ခဲ့တဲ့ အထောက်အထားတွေ တွေ့ခဲ့တာကြောင့်လည်း ပါတယ်လို့ သိရပါတယ်။“ဘယ်လောက်အထိ ကြောက်ဖို့ ကောင်းလဲ ဒီအစိုးရလက်ထက်မှ ဒါတွေသိရတာ။ ဒါ့ကြောင့် ပမာဏများတဲ့ ငွေတွေရဲ့ ဝင်ငွေရလမ်းကတော့ ညွှန်ကြားချက်အတိုင်းပဲ တိတိကျကျကို စစ်သင့်တယ်” လို့ဘဏ်လုပ်ငန်းစိတ်ဝင်စားစူ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ဗဟိုဘဏ်က ဘဏ်အပ်နှံသူရဲ့ ဝင်ငွေရလမ်းဇစ်မြစ်ကို စိစစ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်က တစ်နည်းပြောရရင် ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ အခွန်ဆောင်ထားခြင်းမရှိတဲ့ ငွေမည်းတွေ ဘဏ်ထဲရောက်မလာဖို့၊ရောက်လာရင်လည်း အပ်ငွေအဖြစ် လက်ခံခြင်း မပြုဖို့၊ မည်သူမည်ဝါမှန်းသတ်မှတ်ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ အမည်၊အက္ခရာ၊ဖန်တီးထားတဲ့ အမည်တွေနဲ့ ဘဏ်စာရင်းဖွင့်ပေးခြင်း၊လက်ခံထိန်းသိမ်းပေးခြင်းမပြုလုပ်ဖို့ဆိုတာကလည်း ငွေမည်းတွေ ဝင်မလာစေဖို့ဖြစ်တယ်လို့ သိရပါတယ်။

ပညာရှင်အချို့က ဘာကြောင့်စစ်သင့်သလဲဆိုရင် မြန်မာနိုင်ငံအတွင်း မြန်မာနိုင်ငံသား ၄ ဦးမှာ ၁ ဦးပဲ ဘဏ်စာရင်းရှိပြီးတော့ နိုင်ငံလူဦးရေ ရဲ့ ၇၅ ရာခိုင်နှုန်းမှာ ဘဏ်စာရင်းမရှိကြချိန် ပုဂ္ဂလိကဘဏ်တွေထဲ ငွေကျပ် ၄၂၄၄၉ ဘီလျံအထိ အပ်ငွေတွေတိုးလာလို့၊ တိုးလာတဲ့ငွေတွေကလည်း ၂၀၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘီလျံ ၁၆၀၀၀ ကျော် အထိရှိလာနေ တာကြောင့်လို့ မှတ်ချက်ပြုကြပါတယ်။ ထုတ်ပြန်ချက်အပေါ် တာဝန်ရှိသူတွေက ဘယ်လောက်အထိ လိုက်နာနေတာလဲ၊ လိုက်နာပြီးပြီလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာနေ ပြီဖြစ်တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်.. လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းကတော့ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလကထုတ်ပြန်ထားခဲ့တဲ့ ဗဟိုဘဏ်ရဲ့ အမိန့် ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဖို့ မလွယ်ကူနိုင်သေးဘူးလို့ မှတ်ချက်ပြုပါတယ်။

Allowing Myanmar's banks to compete | Frontier Myanmar

ဗဟိုဘဏ်အနေနဲ့ကတော့ အပ်ငွေတိုင်းကို လိုက်ဖို့မလွယ်ကူဘူးလို့ဆိုပြီး၊ အရမ်းအလွန်အကျွံအပ်တဲ့သူတွေလောက်ကိုပဲ လိုက်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေတယ်လို့ သူကသုံးသပ်ပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက “ အပ်ငွေကြတော့အပ်ကြမှာပဲ အပြင်မှာ အလုပ်မှမလုပ်ကြတော့တာ၊ အပြင်မှာအလုပ်လုပ်လို့ချင်ရင်ဘဏ်တိုးလောက်ရဖို့တောင်မနည်းဘူးလေ၊ ကံဆိုးရင်ရှုံးဦးမယ် ၊စီးပွားရေးမကောင်းရင် အကုန်လုံးက ဘဏ်ကိုပဲပြေးအပ်ကြတာ ပိုဆိုးတာပေါ့ ။ အချို့ကလဲ ဘဏ်မှမအပ်ရင်ဘာသွားလုပ်မလဲ အတိုးနှုန်းလျော့ချတဲ့အခါမှာ သူများနိုင်ငံက ဘဏ်လုပ်ငန်းဆိုင်ရာ၊ငွေရေးကြေးရေးဆိုင်ရာတွေဖွံ့ဖြိုးတယ်လေ၊ ဒီဘက်ကို ရောက်သွားတဲ့အခါ ကျတော့ အဲဒီကနေတစ်ဆင့် ကုန်ထုတ်လုပ်ငန်းတွေဆီရောက်တယ်လေ၊ မြန်မာပြည်မှာက ကုန်ထုတ်လုပ်ငန်းတွေမဖွံ့ဖြိုးဘူးလေ ၊ သီအိုရီအရဆိုရင် မြန်မာပြည်မှာစတော့ခ် ရှယ်ယာမားကက်က ဈေးတက်လာရမယ်၊ မြန်မာပြည်မှာက ကိုဗစ်ကာလမှာ ဘယ်သူကရင်းနှီးမြုပ်နှံမှုလုပ်ကြမလဲ ရှယ်ယာဘယ်သူမှဝယ်ရဲဘူး၊ အဲဒီတော့ အေးအေးလူလူ ဘဏ်ထဲထည့်ပြီးစောင့်ကြည့်မှာပဲ “လို့ပြောပါတယ်။

Creating online banking in Myanmar, a country with little of either — Quartz

ဘီလျံချီတိုးလာနေ

အပ်နှံငွေတွေဟာ ပုဂ္ဂလိကဘဏ်များတွင်သာမက ပြည်ပဘဏ်ခွဲများတွေမှာပါ ဘီလျံချီတိုးလာနေတာကိုလည်း ဗဟိုဘဏ်ရဲ့ အစီရင်ခံစာတွေအရ တွေ့နေရတာဖြစ်ပါတယ်။ အချို့က ဒီငွေတွေဟာ အခြေခံနဲ့ လူလတ်တန်းစားတွေရဲ့ စုဆောင်း ငွေကြေးတွေလား၊ ဘယ်သူ့ငွေကြေးတွေလည်းလို့ မေးခွန်းထုတ်နေတာလည်း ရှိနေကြပါတယ်။ “ ငွေတွေကို ဘယ်လိုရတာလဲ၊ ငွေဖြူလား၊ ငွေမည်းလား၊ အခွန်ရောဆောင်ကြရဲ့လား၊ ဝင်ငွေရလမ်းကိုရော ဖော်ပြနိုင်ရဲ့လား။ ဒီမေးခွန်းတွေ ရှိလာ၊ ထွက်လာကြမှာပဲလေ၊ ဒီခေတ်က သိုဝှက်လို့မှ မရတာ၊ သိချင်တဲ့သူလည်း ရှိလာမှာပဲ “ လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။

FATF to review Myanmar over money laundering concerns | Frontier Myanmar

အစိုးရက နိုင်ငံအတွင်း အခွန်မပေးထားတဲ့ ငွေကြေးမြောက်မြားစွာရှိနေတယ်လို့ စီမံဘဏ်ဏ္ဍာစက်မှု ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ထဲ ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်ပြောကြားထားတာရှိပြီး၊အဲ့ဒီငွေတွေကို တိမ်မြှပ်နေတဲ့ ငွေတွေလို့ အစိုးရက သုံးနှုန်းထားတာရှိပါတယ်။ “စီးပွားရေးတစ်ခုလုပ်မယ်ဆိုရင် ဝင်ငွေရလမ်းပြကြရပါတယ်။ နောက်ပြီး အခွန်ဆောင်ထားတဲ့ ငွေဖြူဖြစ်ကြောင်း ပြရတယ်။ ဘဏ်ထဲ အပ်ရင် ထိုသို့ ပြကြရပါသလား၊ပြရရင်တော့ ပိုကောင်းတာပေါ့” လို့ လုပ်ငန်းရှင်တစ်ဦးကလည်း သူ့အမြင်ကို ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင် ကတော့ ပုဂ္ဂလိကဘဏ်တွေကို ကြီး၊ ငယ်၊ လတ် (၃) မျိုးခွဲပြီး ဗဟိုဘဏ်ကစစ်ဆေးနေပြီး စစ်ဆေးရတာက တရားမဝင်ငွေတွေ ဘဏ္ဏာရေး စနစ်အတွင်း ဝင်ရောက်မလာစေဖို့နဲ့ ငွေကြေးရင်းမြစ်များ ငွေကြေးခဝါချမှုကင်းရှင်းခြင်းရှိ၊မရှိ၊အခွန်ကင်းရှင်းခြင်း ရှိ၊ မရှိ အဓိကထားစစ်ဆေးခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ စတုတ္တတစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းပြီးပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာရှိပါတယ်။

Myanmar revokes forex licences to stop 'dollarisation', SE Asia News & Top  Stories - The Straits Times

“AML/CFT ဆိုတာ Anti Money Laundering/ Countering the Financing of Terrorism ဖြစ်ပြီး ငွေကြေး ခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက် ပံ့ခြင်းတိုက်ဖျက်ရေး ဖြစ်ပါတယ်။ဘဏ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ AML/CFT ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှု ရှိ၊ မရှိကို နိုင်ငံတကာ သတ်မှတ် ချက်စံတွေနဲ့အညီ စစ်ဆေးလျက်ရှိပါတယ်”လို့ ဦးကျော်ကျော်မောင်ကပြောထားပါတယ်။ ထိုစဉ်က ဘဏ်ကြီး ၅ဘဏ်ကို စစ်ဆေးပြီးပြီးဆိုတာရယ်၊ အလယ်အလတ်ရှိတဲ့ ဘဏ်ခြောက်ဘဏ် စစ်ဆေးခြင်းကို ဖေဖော်ဝါရီလအတွင်းမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်တာရယ်၊ အရွယ်အစားသေးငယ်တဲ့ ဘဏ်တွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ ဗဟိုဘဏ်ဥက္ကဌဦးကျော်ကျော်မောင်က ပြောဆိုထားပါတယ်။ ပညာရှင် တစ်ဦးကတော့ ဗဟိုဘဏ်ဟာ ဒီကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်နေတယ်ဆိုတာ သူယုံကြည်ကြောင်းပြောပါတယ်။

“ ယခုနှစ်မေလက ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်ကို ဖျက်သိမ်းလိုက်တာကိုကြည့်ရင် ဗဟိုဘဏ်ရဲ့ စစ်ဆေးမှုကို ယုံကြည်တယ်။ဘဏ်တွေကို စစ်တဲ့အပြင် ပမာဏများတဲ့ အပ်နှံငွေတွေကိုပါ စစ်ဖို့လိုမယ်လို့ထင်တယ်။ ဝင်ငွေရလမ်းဖော်ပြနိုင်တဲ့ ငွေတွေဆို ပြဿနာ မဟုတ်ပေမယ့်။ ပမာဏကြီးမားတဲ့ ငွေတွေက ငွေမဲတွေဆိုရင် စိုးရိမ်ဖို့ကောင်းပါတယ်” လို့ သူက အကြံပြုပါတယ်။

Creating online banking in Myanmar, a country with little of either — Quartz

ဗဟိုဘဏ်အနေနဲ့ ငွေကြေးခဝါချမှုနဲ့ ငွေမည်းကိစ္စကိုစိစစ်ကိုင်တွယ်ဖို့လိုသလို၊ ဝင်ငွေရလမ်းမဖော်ပြနိုင်ဘဲ အပ်နှံထားတဲ့ ပမာဏကြီးတဲ့ အပ်ငွေတွေကို စိစစ်ဖို့ လိုမယ်ထင်ကြောင်းလည်းသူက ပြောပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းကတော့ သည်လိုညွှန်ကြားချက်တွေဟာ နိုင်ငံတိုင်းအတွက်လိုအပ်တဲ့အရာဖြစ်တယ်လို့ဆိုပြီး၊ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာပိုပြီးလိုအပ်တယ်လို့ ပြောပါတယ်။

“ မြန်မာပြည်မှာ အစုံရှိတယ် လက်နက်ကိုင်တပ်ဖွဲ့တွေလဲရှိတယ်၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေလဲရှိတယ် လိုလာလို့ပြောရင်လိုတာပေါ့ မြန်မာနိုင်ငံအနေနဲ့ကအသေးစိတ်ကြီးသွားလိုက်ဖို့ ဘယ်လိုလုပ်နိုင်မလဲ အရင်ကတော့သည်ဟာတွေကို စစစတို့ SB တို့က လိုက်တယ် ဗဟိုဘဏ်ကနေဘဏ်တွေကို ပမာဏတစ်ခုချထားပေးတယ် အဲဒီပမာဏကို ကျော်သွားရင် ညဗဟိုဘဏ်ကို စားရင်းတင်ရတယ် ကျန်တာကတော့လိုက်ချင်လိုက်မလိုက်ချင်နေ ဘဏ်က မသိဘူးလေ “လို့ သူ့အမြင်ကိုပြောပါတယ်။ (အေးအေးအောင်)

Myanmar – the Next Asian Tiger Cub Economy? | Council on Foreign Relations

Facebook Comments

Burmese Online News