တစ်လအကြာတွင် ပြည်တွင်းကူးစက်မှု ပြန်ပေါ်ပြီး စစ်တွေမြို့ CB ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်

ပိုးတွေ့လူနာမှာ စစ်တွေမြို့ မှ (၂၆) နှစ်အရွယ်အမျိုးသမီး လူနာအမှတ်(၃၇၅)ဖြစ်ပြီး ၎င်း သည် စောင့်ကြည့်လူနာတစ်ဦး ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ထို့ပြင် လူနာသည် ပိုး တွေ့လူနာနှင့် ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိ ဟု ထုတ်ပြန်ချက်ကဖော်ပြသည်။ ‘‘သူ့ကို စောင့်ကြည့်လူနာ အဖြစ်နဲ့ စစ်တွေဆေးရုံမှာထားရှိ ရင်းက ဓာတ်ခွဲနမူနာရယူစစ် ဆေးတဲ့အခါ ခုလို ပိုးတွေ့တာ ဖြစ်ပါတယ်။ သူနဲ့ အနီးကပ်ထိ တွေ့ခဲ့သူအားလုံးကို Home Quarantine ထားပါတယ်။မနက် ဖြန် (ယနေ့) မှာ အားလုံးထံက ဓာတ်ခွဲနမူနာရယူသွားဖို့ ရှိပါ တယ်’’ ဟု စစ်တွေမြို့နယ် ကျန်း မာရေးဦးစီးမှူး ဒေါက်တာကြည် ကြည်သာက အတည်ပြုသည်။

ပိုးတွေ့လူနာအမျိုးသမီး သည် စစ်တွေမြို့ရှိ CB ဘဏ်ဝန် ထမ်းတစ်ဦးဖြစ်ပြီး ထိုဘဏ်မှ ဝန်ထမ်း ၂၀ နှင့် လူနာ၏မိသားစု ဝင်ငါးဦးအပါအဝင် လူ ၂၅ ဦးကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးသွား မည်ဟု ၎င်းက ဆိုသည်။ စစ်တွေမြို့မှ ၂၆ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် (၃၇၅) ၏ ခရီးသွားရာဇဝင်လူနာသည် ဇူလိုင် ၃၁ ရက်တွင် စစ်တွေမြို့မှ ကျေက်ဖြူမြို့သို့ Air KBZ လေ ယာဉ်ဖြင့် CB Bank (စစ်တွေ) မှ ခြောက်ယောက်၊ ဆေးကုမ္ပဏီ ဝန်ထမ်းနှစ်ဦးတို့နှင့်အတူ သွား ရောက်ခဲ့ကာ ကျောက်ဖြူမြို့ မြ နန်းတော်တည်းခိုခန်းတွင် တည်းခို ခဲ့ပြီး ကျောက်ဖြူမြို့ အထင်ကရ နေရာများတွင် လည်ပတ်ခဲ့သည်။ (နိုင်ငံခြားသားများနှင့် ထိတွေ့မှု မရှိပါ) ကျောက်ဖြူမှ စစ်တွေသို့ သြဂုတ် ၂ ရက်နေ့လယ် ၁၂ နာရီ တွင် MNA လေကြောင်လိုင်းဖြင့် ပြန်လည်ခဲ့သည်။ သြဂုတ် ၃ ရက် တွင်ပုဏ္ဏားကျွန်းမြို့နယ်သို့ သွား ရောက်လည်ပတ်ခဲ့ပြီး သြဂုတ် ၄ ရက်တွင် CB Bank (စစ်တွေ) တွင် ပြန်လည်တာဝန်ထမ်းဆောင် ခဲ့သ်။ ထို့နောက် သြဂုတ် ၁၂ ရက် တွင် ဖျားခြင်း၊ နှာစေးခြင်း၊ အနံ့ မရခြင်း လက္ခဏာများ ပြသခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ဆေးရုံစ တက်ကာ စောင့်ကြည့်နေရာမှ သြဂုတ် ၁၆ ရက်တွင် အတည်ပြု လူနာဖြစ်လာခဲ့သည်။

ရောဂါရှိ၊ မရှိ စစ်ဆေးမှု များကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှင့် ရန်ကုန်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံ ခုတင် ၁,၀၀၀ တို့၌ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၅၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ်တစ်ဦး တွေ့ရှိကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဓာတ်ခွဲအတည်ပြု လူနာ ဟောင်းများအနက် နှစ်ကြိမ်ဆက် တိုက်ပိုးမတွေ့သူ ငါးဦးထပ်တိုး ပြီး ၎င်းတို့မှာ လူနာအမှတ်(၃၃၂)၊ (၃၃၄)၊ (၃၃၅)၊ (၃၅၄)နှင့် (၃၅၅) တို့ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် နှစ်ကြိမ်ဆက် ပိုးမတွေ့သူ ၃၂၉ ဦးရှိပြီး ၎င်း တို့အနက် ၃၂၁ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကာ သတ်မှတ်နေ ရာများ၌ အသွားအလာ ဆက် လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသည်ဟု ဝန်ကြီး ဌာနထုတ်ပြန်ချက်ကဆိုသည်။ COVID-19 ရောဂါဖြစ်ပွား မှုနှင့်ပတ်သက်၍ သြဂုတ် ၁၅ ရက်မှ သြဂုတ် ၁၆ ရက် နေ့လယ် ၁၂ နာရီအထိ စောင့်ကြည့်လူနာ သစ် ၁၉ ဦးရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆဲဗင်းဒေး

Facebook Comments

Burmese Online News