သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ဖခင် ဆုံးပါး

အားလုံးသိကြတဲ့ မင်းသမီး ထက်ထက်မိုးဦးရဲ့ ဖခင်ဖြစ်သူဟာ ဒီကနေ့မှာပဲ ဆုံးပါးသွားခဲ့ပြီဖြစ်တယ်လို့ ထက်ထက်မိုးဦးရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်သူ ဒီဇိုင်နာ မျိုးမင်းစိုးက သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ ဖော်ပြထားတာတွေ့ရပါတယ်။

Image may contain: 1 person, sitting, sleeping and baby

ကြော်ငြာမင်းသမီးဆိုတဲ့ ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ အသက်တွေကြီးလာခဲ့ပေမယ့် သူချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေခဲ့သူပါ။ ကျန်းမာရေးမကောင်းတဲ့ ဖခင်ဖြစ်သူဘေးနားမှာ ပြုစုစောင့်ရှောက်နေတဲ့ ထက်ထက်မိုးဦးပုံရိပ်တွေကို ပရိသတ်တွေလည်း တွေ့ကြဖူးမှာပါ။

Image may contain: one or more people

ဒီကနေ့မှာတော့ သူမရဲ့ ဖခင်ဖြစ်သူဆုံးပါးသွားခဲ့လို့ စိတ်မကောင်းဖြစ်ကြောင်းကို ဒီဇိုင်နာမျိုးမင်းစိုးက သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာယခုလိုပဲဖော်ပြလာခဲ့ပါတယ်။ “ထက်ထက်ရဲ့ဖခင်ကွယ်လွန်သွားလို့ထပ်တူဝမ်းနည်ကြေကွဲရပါတယ်။ ကောင်းရာသုဂတိလားပါစေ။” လို့ စိတ်မကောင်းစွာရေးသားထားတာတွေ့ရပါတယ်။

Image may contain: 1 person, sitting and indoor

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က သွေးတိုးကာ လေဖြတ်သွားသောကြောင့် မန္တလေးမင်္ဂလာဆေးရုံတွင် အရေးပေါ်ကုသခဲ့ရပြီးနောက် ဆေးရုံတွင် တောက်လျှောက်ကုသမှုခံယူရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဖခင်ကို တန်ဖိုးထားစောင့်ရှောက်တတ်တဲ့ ထက်ထက်ရဲ့ ဆုံးရှုံးမှုဟာ ဘာနဲ့မှ အစားထိုးမရနိုင်ဘူးဆိုတာ ပရိသတ်ကြီးလည်း ခံစားမိကြမှာပါနော်။ ထက်ထက်ကိုချစ်တဲ့ ပရိသတ်တွေကလည်း သူမရဲ့ဖခင်ကောင်းရာမွန်ရာဘဝကိုရောက်သွားနိုင်ဖို့ ဆုတောင်းပေးကြပါဦး။

Image may contain: 1 person, sitting

Facebook Comments

Burmese Online News