ဖားကန့်တွင် နှစ်ရက်ဆက် ရေကြီး ရေလျှံမှုဖြစ်နေ၍ ရေဘေးလွတ်ရာသို့ ဒေသခံများ ပြောင်းရွှေ့နေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းရေလျှံပြီး မြို့ပေါ် ရပ်ကွက် ၄ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်နေသည်မှာ ၂ရက်ရှိပြီ ဖြစ်သည်။ ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးရေများ ဖားကန့်မြို့ ဘက်သို့ စီးဝင်လာသဖြင့် ရေကြီးရေလျှံမှု ဖြစ်နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ မြေအမြင့်ပိုင်းဖြစ်သည့် မှော်ဝမ်းရပ်ကွက်မှ လွဲ၍ မရှိကထောင်၊ အေးမြသာယာ၊ မြို့မ နှင့် ငှက်ပျောတော ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်နေပြီး ရေတက်လာသည့် အမြင့်ပေမှာ ၇ပေမှ ၁၀ ပေအထိ ရှိသည်ဟု သိရသည်။

Image may contain: one or more people and outdoor

ငှက်ပျောတောရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အေးအေးမော်က “ကျမတို့ ဒီမှာ ပစ္စည်းတွေလည်း အကုန်စို။ ရေက ၁၀ပေလောက် ရှိတယ်။ အိမ်ပေါ်ထပ်မှာ မိသားစုတွေ ၆ ယောက် စုပြီး ကုတ်ကပ် တတ်နေတာလည်း လူတွေက စိုနေပြီ။ မိုးတိတ်ရင်တော့ ရေပြန်ကျမယ်ထင်တယ်”ဟု ပြောသည်။ ရေဘေးသင့်နေသည့် ဒေသခံများမှာ နေအိမ် အပေါ်ထပ်များတွင် တက်နေကြရပြီး အချို့မှာလည်း တထပ်အိမ်များ ဖြစ်သဖြင့် ရေဘေးလွတ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေများထံ ခိုလှုံနေရပြီး ဘာသာရေး အဖွဲ့အစည်းများနှင့် ရပ်ရွာထဲမ လာလှူသည့် ထမင်းထုပ်များကို စားသောက်ရေးကို ဖြေရှင်းနေကြရသည်။

Image may contain: people sitting, table and indoor, text that says "REDMI NOTE 8 PRO Al QUAD CAMERA"

အေးမြသာယာရပ်ကွက်တွင် နေထိုင်သည့် ရပ်မိရပ်ဖ ဦးလှဝင်းက “အခုချိန်ထိ ကံဆီးဘက်မှာ မိုးရွာ နေတုန်းပဲ ။ ဒီမှာ ရေကြီးနေတာ ၂ ရက်ရှိပါပြီ။ အထက်ဘက် ကံဆီးချောင်းဖျား ဘက်မှာ မိုးတအား ရွာလို့ ဝင်လာတဲ့ ရေတွေပါ။ မိုးရေက တမြို့လုံးကို ဝင်နေတာ။ ကျနော်တို့ မြို့ထဲမှာ ၇ ပေ၊ ၈ ပေ၊ ၁၀ ပေအထိ မြုပ်နေပါတယ်”ဟု ပြောသည်။ ရေကြီးရေလျှံမှု ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ဥရုချောင်းအတွင်းသို့ ကျောက်စိမ်းနှင့် ရွှေတူး ဖော်ကြသူများက မြေစာများ စွန့်ပစ်သဖြင့် ချောင်းတိမ်ကောကာ မိုးတွင်းကာလတွင် ရေမစီး နိုင်ဘဲ ရေကြီးရေလျှံမှု ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

Image may contain: indoor

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖားကန့်မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောက်စိမ်း တူးဖော်သည့် ကုမ္ဗဏီများမှစုပေါင်းကာ ဥရုချောင်းရှင်းလင်းရေးအဖွဲ့ ဖွဲ့ပြီး ချောင်းရေစီး ကောင်းအောင် အမှိုက်များ ၊ နုန်းများ ရှင်းလင်းခြင်းကို ရက်၁၀၀ စီမံကိန်းဖြင့် ရှင်းလင်းခဲ့သော်လည်း စက်ယန္တရား မလုံလောက်ခြင်း ၊ ချောင်းရိုးတလျှောက် ရှိနေသည့် ကျူးကျော်တဲများကို ရှင်းလင်း၍ မရသဖြင့် ချောင်းရှင်းလင်း ရေးမှာလည်း ချောင်းရိုးတလျှောက် နေရာတိုင်းတွင်လုပ်ကိုင်နိုင်ခြင်း မရှိပါဟု ဥရုချောင်းရှင်းလင်းရေး အဖွဲ့ဝင်အချို့က ပြောသည်။ ဖားကန့်မြို့သည် သြဂုတ်လအတွင်း မိုးရွာသဖြင့် ရေကြီးရေလျှံမှု ဖြစ်သည်မှာ ၂ကြိမ် ရှိပြီ ဖြစ်သည်။

Image may contain: house, outdoor, water and nature

crd-The Irrawaddy

Facebook Comments

Burmese Online News