ဗစ်တိုးရီးယားအမှုမှ နစ်နာသူ အောင်ကြီး တရားစွဲဆိုခြင်းသည် မဟာဗျူဟာမြောက်စွဲဆိုခြင်း ဖြစ်လာမည်

နေပြည်တော်ရှိ မူကြို ကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုတွင် တရားခံ အဖြစ် မှားယွင်းစွပ်စွဲ စစ်ဆေးခြင်း ခံခဲ့ရသည့် နစ်နာသူအောင်ကြီးမှ ၎င်း၏နစ်နာမှုများအတွက် ပြန်လည် တရားစွဲဆိုခြင်းသည် မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းဖြစ်လာမည် ဖြစ်ကြောင်း ၎င်း၏ရှေ့နေ ဦးခင် မောင်ဇော်ကပြောသည်။

“ကျွန်တော်တို့က နစ်နာ သူက ပြန်ပြီးတရားစွဲရင် အဖွဲ့အစည်းတွေကို ဒါမှမဟုတ် အရှိန်အဝါ ကြီးမားတဲ့သူတွေကို တရားစွဲရင် နိုင်မှာမဟုတ်ဘူးဆိုတဲ့ အမြင်ရှိနေတဲ့ လမ်းကြောင်းကြီးကို ပြောင်းပြန် ဖြစ်သွားအောင် ကြိုးစားမှာပါ။ နိုင်ငံတကာ အတွေ့အကြုံအရရော နိုင်ငံတကာမှာရှိနေတဲ့ အနေအထားကို ရအောင်ယူကြရမှာပေါ့။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ အရင် ကတည်းက ပြောထားပါတယ်။ အရင်ကတည်းက မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းက မြန်မာပြည်မှာ မရှိသေးဘူး။ ကုမ္ပဏီကြီး တွေကနေ ရေဆိုးစွန့်ပစ်တာတို့ ဘာတို့ပေါ့ဗျာ။

မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းအနေနဲ့ ထားဝယ်မှာ တစ်ခါဖြစ်ဖူးတယ်။ ထိုင်းကုမ္ပဏီ ကို စွဲဖူးတယ်။ ထိုင်းတရားရုံးမှာ စွဲတာ။ နောက်တစ်ခါ ဒီဘက်တရား ရုံးမှလည်းစွဲတယ်။ အဲဒီတစ်ခါလည်း စွဲဖူးတယ်။ သို့သော်လည်း ကာလ စည်းကမ်းသတ်နဲ့ ပြတ်သွားတယ် နဲ့တူတယ်။ ကျန်တာမရှိသေးဘူး။ အဲဒီတော့ နိုင်ငံတကာကလည်း ဝိုင်းဝန်းမေးမြန်းနေကြတယ်။ မြန်မာပြည်မှာ မဟာဗျူဟာမြောက် တရား စွဲဆိုခြင်း ရှိသလားဆိုတဲ့ကိစ္စလေး ကို။ အဲဒီတော့ ကျွန်တော်တို့က ဒီ Test Case ပါပဲ။ ဥပဒေမှာလည်း Test Case ပါပဲ။ အဲလိုဖြစ်မှာပါ။ ဘာလုပ်မယ်ဆိုတာတော့ ပြောလို့ မရသေးဘူးပေါ့” ဟု တရားလွတ် တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြော သည်။

နေပြည်တော်ရှိ မူကြို ကျောင်းတစ်ခုတွင် တက်ရောက်နေသည့် ဗစ်တိုးရီးယားကလေးအမှုနှင့် ပတ်သက်ပြီး သံသယ ရှိသူအဖြစ် အောင်ကြီးကို ဖမ်းဆီး တရားစွဲဆိုပြီးနောက် ကျူးလွန်သူ ဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့သဖြင့် တရားရုံးမှ အောင်ကြီးကို တရားရှင်လွတ်ပေးခဲ့ကြောင်း သိရသည်။

“ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှုအတွက် တရားစွဲမယ်ဆိုတာ တွေက အခုလုပ်နေပါတယ်။ ကျွန်တော်တို့ ကြေညာထားတာပါ။ အဲဒီ အတိုင်းပဲ လုပ်စရာရှိတာပေါ့။ အခု ချိန်ကတော့ ပြောလို့မရသေးဘူး ဗျ။ အရင်ကြေညာထားတဲ့အတိုင်း ပါပဲ။ လက်တွေ့ဘာလုပ်နေလဲဆိုတာ ပြောလို့မရသေးဘူး။ ကျွန် တော်တို့လည်း တခြားအလုပ်တွေက ရှုပ်နေတာ။ ဘယ်သူ့ကို ဦးတည် စွဲမလဲဆိုတာတော့ စဉ်းစားနေတာ။ ဘယ်လိုစွဲကြမလဲဆိုတာလေ။ ယတိ ပြတ်တော့ မကြေညာသေးဘူး” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အမှုမှ တရားရှင်လွတ် မြောက်ခဲ့သည့် အောင်ကြီးက သူ၏ နစ်နာမှုများအတွက် တရားစွဲဆိုရန် ပြင်ဆင်နေပြီး တရားမမှုဖြင့် တရား စွဲဆိုပါက လွတ်မြောက်ခဲ့သည့်နေ့ မှစပြီး တစ်နှစ်အတွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Facebook Comments

Burmese Online News