သပိတ်ကျင်းမြို့နယ်တွင် ရှေးခေတ်ကဟုယူဆရသည့် ရွှေတိုရွှေစလေးများတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၏ အနောက်ဘက် သုဿန်ရှိလောင်တိုက်ကုန်းနှင့် ကိုက်(၃၀၀)ခန့်အကွာတွင် ယနေ့နံနက်ပိုင်းက ရှေးခေတ်ကဟု ယူဆရသည့် ပုတီးစေ့ပုံစံနှင့်ရွှေတိုရွှေစလေးများ အနည်းငယ်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

Image may contain: one or more people

ဝါးဖြူတောင်ကျေးရွာ ဒေသခံပြည်သူများမှ စားဝတ်နေရေးအဆင်ပြေစေရန် ကျေးရွာရှိသုဿန် လောင် တိုက်နေရာတဝိုက်တွင် တပိုင်တနိုင်ရွှေကျင်လုပ်ငန်းလုပ်ကိုင်ပြီး မိသာစုဝင်ငွေရရှိရန် အင်ဝိုင်းဖြင့် ရွှေကျင်ရာမှ ရှေးခေတ်ကဟုယူဆရသည့် ပုတီးစေ့ပုံစံနှင့်ရွှေတိုရွှေစများရရှိခဲ့ကြောင်း၊ တွေ့ရှိသည့်ရွှေမှာ သဘာဝရွှေအရိုင်းမဟုတ်ဘဲ လက်ဝတ်လက်စားအပိုင်းအစများဖြစ်ကြောင်း သိရသည်။ အဆိုပါရွှေအပိုင်းအစများမှာ ရွေးကြီးတစ်ရွေး/နှစ်ရွေးခန့်ရှိပြီး တစ်ရွေးခန့်ရှိသည့်ပစ္စည်းကို ရွှေဝယ်သူများမှ (၂၀၀၀၀)ပေးဝယ်သော် လည်း ရွှေအရည် အသွေးကောင်းမွန်သည့်အတွက် မရောင်းသေးကြောင်း၊ ယခင်ကလည်း ၎င်းနေရာမှ ရွှေတို ရွှေစလေးများ ရရှိခဲ့ဖူးကြောင်း ဒေသခံတစ်ဦးမှပြောပြသည်။

Image may contain: one or more people, outdoor and nature

ကျေးရွာနေပြည်သူများမှ COVID-19 ကာလအတွင်း စားဝတ်နေရေးပြေလည်စေရန်အတွက် ရွာအနီး ပတ်လည်၌ မှိုရှာမျှစ်ချိုးရွှေရှာလုပ်ငန်းများလုပ်ကိုင်နေကြရပြီး ရွှေအတိုအစလေးများတွေ့ရှိသည့် သတင်း ကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှလည်း ရွှေပါသည့်ဟုယူဆရသောမြေများအား လာရောက်သယ်ယူသူ နှင့် ရွှေရှာဖွေသူ လူဦးရေ(၂၀၀)ခန့်ရှိကြောင်းသိရသည်။

Image may contain: one or more people, plant, tree, outdoor and nature

crd-MandalayTrueNews

Facebook Comments

Burmese Online News