ရခိုင်ပြည်နယ်မှ မန္တလေးတိုင်းသို့ ဝင်ရောက်လာသူများ Facility Quarantine ၂၁ ရက် ထားရှိမည်

ရခိုင်ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသူများအားလုံး Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့် နေထိုင်ခြင်း) ၂၁ ရက် ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါဆိုင်ရာ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူ ဖြစ်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဟု သိရသည်။

Image may contain: sky, cloud, mountain and outdoor

“အခုအချိန်က စစ်တွေမြို့မှာ COVID-19 ရောဂါဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်ကနေ မန္တလေးတိုင်းဒေသကြီးကို ရောက်လာသူအားလုံးကို Facility Quarantine ထားရှိဖို့ စီမံဆောင်ရွက်သွားမှာပါ၊ ဒီနေ့ကစပြီး လုပ်ဆောင်တာပါ”ဟုမန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါဆိုင်ရာ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်ကပြောသည်။ရခိုင်ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ရောက်လာသူများကို Facility Quarantine ၂၁ ရက် ထားရှိရန်အတွက် တိုင်းအစိုးရက သက်ဆိုင်ရာ ခရိုင်များသို့ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းကညွှန်ကြားချက် သိရသည်။

No photo description available.

“ရခိုင်ပြည်နယ်က ဝင်လာ သူတွေအားလုံးကို Quarantine ထားမယ့်ကိစ္စက ဒီနေ့စတယ်၊ ရခိုင်ဘက်က ဝင်လာတဲ့သူတွေအနေနဲ့ကလည်း မဖြစ်မနေ Quarantine ဝင်ပေးကြဖို့လိုပါတယ်၊ သက်ဆိုင်ရာမြို့နယ်များအလိုက်လည်း Quarantine လုပ်ဖို့ ညွှန်ကြားထားပါတယ်”ဟု ဝန်ကြီးဦးစိုင်းပန်းဆိုင်က ဆက်လက်​ပြောသည်။မန္တလေးခရိုင်အတွင်းသို့ ဝင်ရောက်လာသူများကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သံဃာ့ဆေးရုံကြီးတွင် Facility Quarantine ၂၁ ရက် ထားရှိသွားမည်ဟု သိရသည်။”တိုင်းအနေနဲ့ကတော့ Quarantine ဝင်ဖို့အတွက် သံဃာ့ဆေးရုံမှာ စီစဉ်ထားတယ်၊ ခရီးဆက်ရမယ့်သူတွေကိုတော့ Swab (ဓာတ်ခွဲနမူ) ယူပြီး စစ်မယ်၊ ပိုးမတွေ့ဘူး၊ ရောဂါလက္ခဏာတွေ မပြဘူးဆိုမှ ခရီးဆက်ခိုင်းမယ်”ဟု ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဆက်လက် ပြောသည်။

Image may contain: text

ထို့အပြင်COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရန် သတ်မှတ်ထုတ်ပြန်ထားသည့် စည်ကမ်းသတ်မှတ်များကို အများပြည်သူများမှ အလေးထားလိုက်နာမှု အားနည်းလာသည့်အတွက် အပြင်ထွက်သွာလာသူတိုင်း Mask (နှာခေါင်းစည်း) တပ်ဆင်ရန် ပြန်လည် ကြပ်မတ်မည် ဖြစ်သလို မလိုက်နာသူများကိုလည်း အရေးယူမည်ဟု တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားသည်။ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဩဂုတ်လ ၁၇ ရက်မှစတင်ကာ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု တွေ့ရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ သြဂုတ် ၂၁ ရက် ညပိုင်းထိ ထုတ်ပြန်ချက်များအရ ပြည်ပနိုင်ငံများသို့ ခရီးသွား ရာဇ၀င်မရှိသော ပြည်တွင်းကူးစက်သူ ၂၅ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Image may contain: one or more people, people standing and outdoor

ယခုအခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါ ကူးစက်မှုများ တွေ့ရှိလာပြီး ပိုးတွေ့လူနာ မြင့်တက်လာသဖြင့် မန္တလေး-စစ်တွေ ပြေးဆွဲနေသော ယဉ်လိုင်းများအနေဖြင့်လည်း သြဂုတ် ၂၀ ရက်နေ့ကစတင်၍ ယာယီရပ်နားခဲ့​သည်။ယခုအခါ ရခိုင်ပြည်နယ် စစ်တွေမြို့အား Lock Down ချထားပြီး မြို့ဝင်ဂိတ်များတွင်လည်း ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်ကာ စစ်ဆေးနေသလို COVID 19 ဒုတိယလှိုင်းအဖြစ် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လာနိုင်ခြေရှိနေသဖြင့် ပြည်သူများမပေါ့ဆရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးထားသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်း ၈ နာရီထိ သတင်းထုတ်ပြန်ချက်များအရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၄၁၉ဦးထိရှိပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၃၇ ဦး ရှိလာသည့်အနက်မှ ၃၃၁ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပြည်မြန်မာ

Facebook Comments

Burmese Online News