စစ်တွေမှာ ကိုဗစ် ဝင်ရောက်လာခြင်းနှင့် မြန်မာပြည် မငြိမ်းချမ်းရတဲ့ အကြောင်းရင်း နောက်ကွယ်

မြန်မာပြည်ထဲ တရုတ်ခိုးဝင်က ၄၀၀ ကျော်၊ ဘင်္ဂလားဒေရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်စပ်ဘက်ကို ခိုးဝင်လာသူအရေအတွက်က လက်ရှိမှာ ၁၉ ဦးအထိ ရှိနေပြီး သူတို့နဲ့ဆက်စပ်ထိတွေ့သူ ၁၄၀ နီးပါးကို အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။ တရုတ်ခိုးဝင်တွေ နပတကို သွားတာတွေ ရှိတယ်ဟု ကြားသိရပါတယ်။ ‌ခေါင်းဖြူကို ရဲကခေါ်သွားတာထက်အင်းဝ နဲ့တောင်ငူ ကို လှောင်ပြောင်ဖိရေးနေတာထက်၊ စစ်တွေကို covid က ဘယ်အပေါက်ကနေ ဘယ်လိုဝင်လာသလဲကို ပိုစိတ်ဝင်စားတယ်။ ထွန်းမြတ်နိုင် အထွက် covid အဝင် အကိုက်လားဆိုတာ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။

ရခိုင်ပြည်နယ်ဒေသခံပြည်သူတွေနဲ့ ရခိုင်တစ်မျိုးသားလုံးအတွက် ရခိုင်ပြည်နယ်လွတ်မြောက်ရေး လုပ်နေပါတယ်ဆိုတဲ့ အေအေ ခေါင်းဆောင် ထွန်းမြတ်နိုင် အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ဒေသခံများရဲ့ စိုးရိမ်ပူပန်မှု အတွက် ဘာတွေများ လုပ်ပေးမလဲ စိတ်ဝင်စားစရာပါ။ အမေရိကန် နဲ့မဟာမိတ်တပ်တွေ နေရာယူပြင်ဆင်ထားကြတာနဲ့ စစ်တွေမှာ covid ရောဂါပိုးတွေ့တာဟာ သက်ဆိုင်မှု့မရှိပါစေနဲ့ ဆုတောင်းရမလိုပါ။

အားလုံးသိထားကြတဲ့အတိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်စီမံကိန်းဟာ အဆုံးအဖြတ်ပေးမယ့်နေရာတစ်ခုဖြစ်နေပါတယ်။ CB ဘဏ် အမျိုးသမီးဝန်ထမ်းဆီ ဘယ်က၊ ဘယ်လို၊ ဘယ်သူသယ်လာတဲ့ပိုးက ကူးစက်တာပါလဲ။ မငြိမ်းချမ်းခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲ။ စစ်တပ်အနေနဲ့ တိုင်းပြည်နဲ့အစိုးရကို ကာကွယ်နေရုံသက်သက်အတွက် တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တွေ့နေရတာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းဖို့ အစိုးရလည်းအချို့အရာတွေ အလျှော့ပေး လိုက်ရော ရပါလိမ့်မယ်။ စစ်တပ်ကလည်း အချို့အရာတွေ အလျှော့ပေးလိုက်ရောရပါလိမ့်မယ်။ တိုင်ရင်းသားလက်နက်ကိုင်များဘက်ကလည်း အချို့အရာတွေ အလျှော့ပေးလိုက်ရောရပါလိမ့်မယ်။

ဒီအချိန်မှာ ဘယ်သူတွေက မိမိတို့အခွင့်ရေးကို နည်းနည်းမှ အပွမ်းပဲ့မခံနိုင် ဖြစ်နေသလဲ ပိုမြင်သာစေပါမယ်။ မငြိမ်းချမ်းရတဲ့ အကြောင်းရင်းဟာ အစိုးရကြောင့်လား၊စစ်တပ်ကြောင့်လား၊ တိုင်းရင်းသားလက်နက်ကိုင်များကြောင့်လား ထင်ထင်ရှားရှား မြင်ရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်များက ဘယ်သူကိုတိုက်နေတာလဲဆိုတဲ့အဖြေပေါ်လာပါမယ်။ မငြိမ်းချမ်း၊ တရားဥပဒေ မစိုးမိုးရင် covid မှမဟုတ်ပါဘူး၊ ဘာမဆိုကာကွယ်ဖို့ခက်ပါတယ်။ နောက်ထပ် အခြားမြို့က ဘဏ်တွေ၊ ဘဏ်ဝန်ထမ်းတွေမှာ ကူးစက်မှုတွေ့ရပြန်ပြီဆို ဘယ်က၊ ဘယ်လို၊ ဘယ်သူဆီက ဒီပိုး လာတယ်ဆိုတာ မြန်မာပြည်သူတွေ နောကျေနေလောက်ပါပြီ။

ကိုမင်းကိုနိုင်ရဲ့ စကားတစ်ခုကို သတိရမိပါတယ်။ “ပြေးစရာမြေမရှိတော့ရင် ကမ်းကုန်အောင် ယုတ်မာလိမ့်မယ်” ဆိုတဲ့စကားပါ။ ရွေးကောက်ပွဲဖြစ်မြောက်မှာကြောက်သူတွေ တရုတ် အရူးမီးဝိုင်းဖြစ်နေတဲ့အခြေနေနဲ့ မြန်မာနိုင်ငံ ဆက်စပ်နေပုံ covid ရောဂါပိုး ဒါတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေသင့်ပါတယ်။ စစ်တွေမှာ covid ရောဂါပိုးရောက်လာတာဟာ သာမန်ဖြစ်စဉ်မဟုတ်ဘူးဆိုခဲ့ရင် ဒါဟာအရမ်းကို အောက်တန်းကျလွန်းပါတယ်။

ခိုးဝင်လာတဲ့သူကတဆင့် ကူးစက်မှုဆို ဘယ်သူတွေရဲ့ ပေါ့လျော့မှု၊ တာဝန်မဲ့မှုလဲဆိုတဲ့အချက်က မြို့နယ်‌‌၊ ဒေသတိုင်းက မြန်မာပြည်သူတွေအတွက် အန္တရာယ်များလွန်းလှပါတယ်။ အရိပ်တကြည့်ကြည့်၊ ဂရုတစိုက်နေသင့်တဲ့အချိန်ပါ မြန်မာပြည်သူတို့။

Nanda Kyaw Kha

Facebook Comments

Burmese Online News