ကိုဗစ် ရောဂါပိုးစမ်းသပ်စစ်ဆေးပေးနိုင်သည့် စက်ကို တပ်မတော်က စစ်တွေသို့ ပို့ဆောင်

ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကိုပါ ရှာဖွေပေးနိုင်သော စက်ဖြစ်

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးပစ္စည်းများအပါအဝင် ကိုဗစ် ရောဂါပိုးစမ်းသပ်စစ်ဆေးပေးနိုင်သည့် စက်ကိုပါ ပေးပို့ လှူဒါန်းခြင်းများဆောင်ရွက်လိုက်ကြောင်းသိရသည်။

တပ်မတော်က ပေးပို့လိုက်သည့်စက်သည် Reagents များအသုံးပြုကာ RT- PCR သဘောတရားအတိုင်း SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအား ရှာဖွေသော စက်ဖြစ်ပြီး စစ်ဆေးကြိမ် တစ်ကြိမ်လျှင် တစ်နာရီခန့်ကြာမြင့်ကာ တစ်ကြိမ်လျှင် အများဆုံး ၇ ဦး စစ်ဆေးပေးနိုင်ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်အရ သိရသည်။

Image may contain: one or more people, people standing and outdoor

တပ်မတော်က စက်ပေးပို့လိုက်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန်ပေးပို့ရာတွင် လမ်းခရီးအလွန်ဝေးကွာခက်ခဲခြင်း၊ သွားလာမှုအချိန်၊ လူ၊ နေရာ၊ ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည့်အတွက် တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ဖြစ်သည်ဟု ပြောဆိုထားသည်။

Image may contain: one or more people and people standing

စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်က Surgical Mask ၅၀၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံ၊ N95 Mask ၁၀၀၀ ခု၊ Goggles ၁၀၀၀ ခု၊ Examination Glove ၁၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Non Contact Infrared Thermometer ၂၀ ခုတို့ကိုလည်း ပေးပို့ လှူဒါန်းပြီးဖြစ်ကြောင်းလည်းသိရသည်။

No photo description available.

Myanmar Harp

Facebook Comments

Burmese Online News