မန္တလေးကျုံးအတွင်း ကားထိုးကျပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံး

ရေနစ်သေဆုံးသူအမျိုးသားဟာ ယာဉ်မောင်းလိုင်စင်အရ မန္တလေးပုသိမ်ကြီးမြို့နယ်ထဲကဖြစ်ပြီး အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက အိမ်စီးကားတစ်စီး ကျုံးအတွင်းထိုးကျသွားခဲ့တာမှာ ကားပေါ်ပါအမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

Image may contain: one or more people, crowd and outdoor

Image may contain: 1 person, sky, car and outdoor

မန္တလေး အောင်မြေသာစံမြို့နယ်၁၉ လမ်းနဲ့ ၆၆လမ်းမီးပွိုင့်အနီးအရှေ့ကျုံးအတွင်းထိုးချသွားခဲ့တာဖြစ်ပြီး ကားက ၁၉ လမ်းအတိုင်း အရှေ့ဘက်ကနေ အနောက်ဘက်ကိုမောင်းနှင်လာစဉ် မီးပွိုင့်အရောက်မှာအရှိန်မထိန်းနိုင်ဘဲ ကျူံးအတွင်းထိုးကျသွားခဲ့တာဖြစ်နိုင်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လတ်တလောသုံးသပ်ပြောဆိုထားပါတယ်။ ရေထဲထိုးကျစဉ်ကားပေါ်ပါလာသူအရေအတွက်ကိုတော့ လက်ရှိအခြေအမှောစုံစမ်းဆောင်ရွက်နေဆဲဖြစ်ပြီး Myanmar Rescue(ချမ်းအေးသာစံမြို့နယ်)မှ ကူညီကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သူတစ်ဦးက ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။

Image may contain: one or more people, car and outdoor

“လောလောဆယ် ကျွန်တော်တို့ရှာလိုက်တာကတော့ တစ်ယောက်ပဲတွေ့တယ်၊ နှစ်ယောက်ပါတယ်လို့ပြောတယ်၊ ဒါပေမယ့် လိုက်ရှာကြည့်တော့လည်းမတွေ့ပါဘူး၊ Air Bag တော့နှစ်ခုစလုံးပွင့်တယ်၊ ကျွန်တော်တို့ဆယ်တုန်းကအသက်ရှိသေးတယ်၊ ဆေးရုံရောက်တော့ဆုံးသွားပြီ” လို့ သူကပြောပါတယ်။ ရေနစ်သေဆုံးသူအမျိုးသားဟာ ယာဉ်မောင်းလိုင်စင်အရ မန္တလေးပုသိမ်ကြီးမြို့နယ်ထဲကဖြစ်ပြီး အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Image may contain: one or more people and outdoor

ဓူဝံ

Facebook Comments

Burmese Online News