မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးကိုမြန်မာတိုးမြှင့်မှုချထားမှုအပေါ်မဆီမဆိုင်ဘင်္ဂလားဒေ့ရှ်အစိုးရမှမြန်မာသံအမတ်ကြီးအားခေါ်ယူကန့်ကွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်နဲ့(၅)မိုင် အကွာမှာတပ်မတော်ကလုံခြုံရေးတိုးမြှင့်ချထား တဲ့အပေါ်မှာဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာသံ အမတ်ကြီးဦးအောင်ကျော်မိုးကိုဆင့်ခေါ်ပြီး မဆီမဆိုင်ကန့်ကွက်လိုက်ကြောင်းဘင်္ဂလားဒေ့ရှ် အစိုးရသတင်းစာများရဲ့ဖော်ပြချက်အရသိ ရပါတယ်။

နှုစ်နိုင်ငံနယ်စပ်ဒေသနေရာအများအပြားနဲ့ အရပ်ဘက်ရေယာဉ်တွေပေါ်မှာမြန်မာဘက်က တပ်အင်အားတစ်ထောင်လောက်ကိုတိုးချဲ့ချ ထားတယ်လို့လည်းဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနအရာရှိတွေ က ဒကာအခြေစိုက်BenarNews သတင်းဌာနကို ပြောကြားကြောင်းသိရပါတယ်။

ယင်းဖြစ်စဉ်အပေါ်တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲကဗိုလ်မှူးချူပ်ဆဇ်ာမင်းထွန်းကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကစွပ်စွဲသလိုငါးဖမ်းရေယာဉ် တွေပေါ်မှာတပ်မတော်သားတွေတင်တယ်ဆိုတာ မဟုတ်ဘဲသတင်းတွေအရမြန်မာနိုင်ငံရဲ့နယ်မြေ အတွင်းလိုအပ်ချက်ရှိလို့လုံခြုံရေးဆောင်ရွက် တာဖြစ်တယ်လို့ ပြောပါတယ်။

လူထုအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနနိုင်ငံ့ရေးရာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်ကိုကလည်း မြန်မာသံအမတ်ကြီးကိုဘင်္ဂလားဒေ့ရှ်ဘက်ကခေါ်ယူ ကန့်ကွက်တာနဲ့ပတ်သက်လို့ မိမိတို့အနေနဲ့လည်း ဆောင်ရွက်သင့်တာတွေကိုဆက်လက်လုပ်ကိုင် သွားမယ် ပြောကြားလိုက်ကြောင်းသိရပါတယ်။

The First Weekly News Journal

Facebook Comments

Burmese Online News