ရန်ကုန်တိုင်းတွင် ကိုဗစ်ရောဂါကို လာမည့် သုံးပတ်အတွင်း ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူတွေ၏ ပူးပေါင်းပါဝင်မှုတွေ ရှိလာသည့်​အတွက် လာမည့် ရက်သတ္တသုံးပတ်လောက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကိုထိန်းချုပ် နိုင်မည့် အခြေအနေတစ်ခုကို ရလာမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွင် ဖော်ပြထားသည်။ ကိုဗစ် – ၁၉ ရောဂါနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော် မတီ၏ ညွှန်ကြားချက်များကို တိုင်းဒေသကြီးအတွင်း တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်ဆောင် ရွက်နေကြောင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

Image may contain: 1 person, flower

” ဒီကြပ်မတ်ဆောင်ရွက်မှုတွေအားလုံးဟာ ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့၊ ကုသပေးနိုင်ဖို့၊ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုအပေါ်မှာ ပူးပေါင်းကူညီဆောင်ရွက်ကြတဲ့သူတွေ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုမှာ ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ အလွန်အင်မတန် အရေးကြီးပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတွေ ရှိလာတဲ့အတွက် လာမယ့်ရက်သတ္တသုံးပတ်လောက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်မယ့် အခြေအနေတစ်ခုကို ရလာမယ်လို့ ယုံ ကြည်ပါတယ်” ဟု ၎င်းကပြောသည်။

COVID-19: Botahtaung Streets locked down, no new cases for two days as Yangon rain pours - MYANMORE

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်မည့် အခြေအနေတစ်ခု ဖြစ်လာရန် ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင် ရွက်ပေးရန်လည်း ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Stay at Home အစီအစဉ် ညွှန်ကြားချက်ကို တိတိ ကျကျလိုက်နာဆောင်ရွက်စေချင်ပြီး အပြင်သို့ မလိုအပ်ဘဲ ထွက်ခြင်းမျိုး မပြုလုပ်ကြရန် လက်ဆေးခြင်း၊Mask တပ်ဆင်ခြင်းအကာအကွယ်များ ဝတ်ဆင်စသည်များကို ပြည်သူတစ်ဦးချင်းစီက လိုက်နာ ဆောင်ရွက်သွားကြမည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်ရောဂါကို ထိန်းချုပ်နိုင်မည့် အခြေအနေတစ်ခု ရရှိမည်ဟု ဝန်ကြီးချုပ်ကပြောသည်။

Emergency physicians at Yangon General Hospital prepare for arriving Covid-19 patients on April 7. (Photo: Sai Zaw/ Myanmar Now)

လက်တလောတွင် ကုသရေးစင်တာများ မလုံလောက် တော့ဟု သတင်းများကြားနေရသော်လည်း လူနာအရေ အတွက် ၁၂၂၀ ထားရှိနိုင်သည့် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ၈၄၃ ဦးကုသနေသည့်အတွက် ထပ်မံ ထားရှိ၍ရသေးကြောင်း ၊ လက်ရှိတွင် ဝေဘာဂီဆေးရုံတွင် ၆၇ ဦး ၊တောင်ဥက္ကလာပဆေးရုံတွင် ၄၃ ဦးကုသမှုခံယူနေပြီး Quarantine စင်တာများ ပြင်ဆင်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

One-third of hotels reopen in Myanmar after COVID-19 restrictions - Chinadaily.com.cn

” လက်ရှိအချိန်မှာ ရိုးမရိပ်သာမှာ အတည်ပြုလူနာနဲ့ ဆက် စပ်နေတဲ့ လူနာတွေကို Quarantine ထားတာ ၁၂၀၆ ဦးရှိပါတယ်။ ရိုးမရိပ်သာမှာပဲ Positive ဖြစ်တဲ့ အတည်ပြုလူနာ ၂၇၂ ဦးကိုလည်း ထားရှိထားပါတယ်။ ဒါ့အပြင် ထပ်မံလက်ခံနိုင်တဲ့ အဆောက်အအုံ ၁၃လုံး ရှိသေး တာဖြစ်တဲ့အတွက် လူဦးရေ ၁၇၅၆ ဦး ထပ်မံလက်ခံနိုင်တဲ့အခြေအနေ ရိုးမရိပ်သာမှာ ရှိပါတယ်။ လုံလောက်တဲ့အခြေအနေ ရှိပါတယ်။ ဒါ့အပြင် လှိုင် Quarantine စင်တာကိုလည်း Positive လူနာတွေကို ထပ်မံထားနိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။ လက်ရှိတိုင်းဒေသကြီး အတွင်း Quarantine စင်တာ ၃၁ ခုရှိနေပြီး လှိုင် Quarantine စင်တာတခုတည်းတွင် ဝင် ဆံ့နိုင်သည့် လူဦးရေ ၁၆၀၀ ရှိကာလက်ရှိတွင်၅၉၃ လက်ခံထားကြောင်းသိရသည်။

Myanmar claimed to be coronavirus-free. Now cases are showing up - Los Angeles Times

news watch

Facebook Comments

Burmese Online News