သိမ်ဖြူလက်ဝှေ့ရုံကို ကွာရန်တင်းစင်တာအဖြစ် ဖွင့်လှစ်သွားမည်

ရန်ကုန်းဒေသကြီး ၊ မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ သိမ်ဖြူ လက်ဝှေ့ရုံကို ကွာရန်တင်းစင်တာအဖြစ် ဖွင့်လှစ် သွားရန် ပြင်ဆင်လျက်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြည်မြန်မာ ကို ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်အသီးသီးတွင် ကိုဗစ်အတည်ပြုလူနာများနေစဉ် အများအပြားတွေ့ရှိနေရ သောကြောင့် သက်ဆိုင်မြို့နယ်များအလိုက် ကွာရန်တင်းစင်များထားရှိရန် တိုင်းအစိုးရက ညွှန်ကြားမှုများ ရှိသောကြောင့် သိမ်ဖြူလက်ဝှေ့ရုံကို ပြင်ဆင်မှုများပြုနေခြင်းဖြစ်ကြောင်း သိရသည်။

Image may contain: one or more people and people standing

”ကျွန်တော်တို့မနေ့ကပဲ အစည်းအဝေးထိုင်ပြီးတော့ အဲ့နေရာကို သန့်ရှင်းရေး လုပ်ပြီးတော့ ကျန်တဲ့ အသုံး အဆောင်ပစ္စည်းတွေ ဖြည့်တာပေါ့နော်။ ဒါ့အပြင်စားသောက်ရေး အဆင်ပြေအောင် စီစဉ်ဆောင်ရွက် နေ ပါတယ်။ ဒီရက်ပိုင်းအတွင်း ထားရှိသွားမှာဖြစ်ပါတယ်” ဟု ယင်းကပြောသည်။ သိမ်ဖြူလက်ဝှေ့ရုံတွင် လူဦးရေ ၁၀၀ခန့် ထားနိုင်ရန် ပြင်ဆင်နေပြီး ကိုဗစ်အတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ်သူများကို အသွားအလာကန့်သတ်ထားရှိသွားမည်ဖြစ်သည်။

No photo description available.

သက်ဆိုင်ရာမြို့နယ်များအလိုက် ကွာ ရန်တင်းစင်များထားရှိရန် တိုင်းအစိုးရက ညွှန်ကြားထားသော်လည်း ကွာရန်တင်းထားရှိမည့်သူများမှာ သက်ဆိုင်ရာ မြို့နယ်အတွင်းမှ နေထိုင်သူများသီသန့်ထား ရှိသွားရမည် မဟုတ်ဘဲ တိုင်းကျန်းမာရေး၏ကွတ်ကဲမှုဖြင့် ကွာရန်တင်းထားရှိသူများကို လက်ခံပေးသွားရမည်ဖြစ် ကြောင်း သိရသည်။ သိမ်ဖြူလက်ဝှေ့ရုံတွင် ပထမလှိုင်းအဖြစ် Covid-19 ရောဂါကူးစက်မှုများရှိခဲ့သည့် ကာလ၌ နိုင်ငံခြားမှ ပြန်လာသူများကို အသွားအလာကန့်သတ် ထားရှိခဲ့ပြီး ယခုအခါ ဒုတိအကြိမ်ထပ်မံထားရှိရန် ပြင်ဆင်နေ ခြင်းလည်း ဖြစ်သည်။

Image may contain: basketball court

Pyi Myanmar

Facebook Comments

Burmese Online News