လူစုလူဝေးဖြင့်မဲဆွယ်စည်းရုံးရေး ရပ်နားလိုက်ပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီပြောကြား

လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးရေးရပ်နားလိုက်ပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီကပြောကြား သည်။ COVID-19 ကာလတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့၊ မနက်ဖြန်ကစပြီး ၂ လစာအင်အားပြလှည့်လှည်မှုပြုမယ့်အစီအစဉ်တွေကိုရပ်နားလိုက်ပါပြီ။ မြို့ နယ်ကော်မရှင်ကိုတင်ထားတာတွေ ပြန်လည်ရုတ်သိမ်းလိုက်ပါပြီ။ ပြည်သူတွေကိုအားနာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကိုယ့်ပါတီအောင်နိုင်ရေးအတွက် လုပ်နေတဲ့အချိန်မှာ၊ တစ်ဖက်က ပြည်သူတွေ ဒုက္ခသုတ်ခတွေရောက်ကြောက်လန့်ပြီး၊ အစားအစာ ခက်ခဲရှားပါးနေတဲ့ အချိန်မှာ ဒီကိစ္စက First Priority မဟုတ်တော့ဘူးလို့မြင်တဲ့အတွက် ကျွန်တော်တို့ရပ်တန့်တယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးခင်ရီမှ ပြောသည်။

ဆက်လက်ပြီး ၎င်းမှ “အခုအချိန်အထိ ကျွန်တော်မြေပြင်မှာ ဆင်းပြီး မဲဆွယ်စည်းရုံးတာ ဒီနေ့အထိ မလုပ်သေး ပါဘူး။ ကျွန်တော်တို့ပါတီတစ်ခုတည်းပြောရင်တော့ နိုင်ငံတော်အစိုးရကို ဖိအားပေးတာမဟုတ်ပါဘူး။ ကျွန် တော်တို့ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်ပါတယ်။ ကျွန်တော်တို့သတ်မှတ်ရက်မှာ ယှဉ်ပြိုင်ပြီးတော့ ပြည်သူ့အဆုံးအဖြတ်ခံယူလို့ရပါတယ်” ဟုလည်း ပြောကြားခဲ့သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ယနေ့နံနက်ပိုင်းအချိန်ထိ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၆၃၆ ဦးရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၈၃၂ ဦးရှိကာ၊ သေဆုံးလူနာ ၃၉ ဦးထိ ရှိပြီဖြစ်သည်။

#PeopleMedia #2020election #USDP

Facebook Comments

Burmese Online News