ရန်ကုန် လှိုင်မြို့နယ်အတွင်းရှိ ကိုဗစ်လူနာများ ဆေးရုံလူပြည့်နေသဖြင့် ပို့ဆောင်ရန် အခက်အခဲကြုံနေ

ဆေးရုံနှင့် Q Center များတွင် လူနာများပြည့်နေသည့်အတွက် လှိုင်မြို့နယ်အတွင်းရှိ ကိုဗစ် သံသယလူနာများကို ပို့ဆောင်ရန် အခက်ခဲကြုံနေကြောင်း သိရသည်။ လှိုင်မြို့နယ်ရှိ ဖျားနာကုဆေးခန်းသို့လာပြသည့် လူနာများအနက် ကိုဗစ်-၁၉ သံသယလူနာအဖြစ် သတ်မှတ်ခံထားရသူ အယောက် ၃၀ ကျော်အား ဆေးရုံသို့မပို့နိုင်သေးကြောင်း သိရသည်။ လှိုင်မြို့နယ် ဖျားနာကုအခမဲ့ဆေးခန်းမှာ ဖွင့်ရက်တစ်ရက်ကို လူ (၄၀) ဝန်းကျင်လောက် လာပြနေကြပြီး အနံ့ပျောက်တဲ့သူ အယောက် (၂၀) ကို နှာခေါင်းတို့ပတ်စစ်ဆေးရာမှာ (၁၉) ယောက်မှာ ပိုးတွေ့ရှိတာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ရှင်းပြပါတယ်။

အဲဒီလိုလူတွေကို ဆေးရုံတွေကို ပို့ပေမယ့် အခုနောက်ပိုင်း ဆေးရုံတွေမှာလည်း ကုတင်တွေပြည့်နေတာကြောင့် လက်မခံနိုင်လို့ သံသယလူနာတွေကို အိမ်ပြန်လွှတ်နေရတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ “ရပ်ကွက်ထဲမှာ အနံ့ပျောက်တယ်။ ချောင်းဆိုး လာခေါ်ပေးပါဆိုပြီး သတင်းပို့တာက ၁၅ ယောက်လောက်ရှိတယ်။ ကျွန်တော်တို့က ဆေးရုံတွေကို လာခေါ်ပေးဖို့ အကြောင်းကြားတယ်။ သူတို့ လက်ခံနိုင်သလောက်ကိုလိုက်ပို့ ပေးတယ်။ ဒါပေမဲ့ မြို့နယ်ထဲမှာ မပို့နိုင်တဲ့ လူနာ သုံးဆယ်၊ လေးဆယ်လောက်ကျန်နေသေးတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

ဆေးရုံမပို့နိုင်သေးခင် Stay at Home အဖြစ်သာ နေခိုင်းထားရပြီး မြို့နယ်အတွင်းရှိ သံသယလူနာများကို Quarantine ထားနိုင်ရန် ကျန်းမာရေးဌာနသို့ တင်ပြထားကြောင်း သိရသည်။ ရပ်ကွက်ကလည်း ဒီလောက်အနံ့ပျောက်နေတဲ့လူကို အိမ်ပြန်လာတာကို သိပ်လက်သင့်မခံချင်ဘူး။ နောက်တစ်ခုက သူတို့ကိုယ်တိုင်ကိုယ်ကလည်း မိသားစုကများတဲ့ လူတွေရှိတယ်။ တစ်ခါတစ်လေကျရင်နေရထိုင်ရတာက ကြပ်တည်းတော့ သူတို့ကိုယ်တိုင်ကို အိမ်မှာမနေချင်ဘူးပေါ့လေ။ တစ်ခြားလူကြီးတွေဘာတွေကူးမှာစိုးလို့ အဲလိုအနေအထားမှာ တော်တော်လေးအဆင်မပြေ ဖြစ်နေတယ်ဟု သိရသည်။

လှိုင်မြို့နယ်မှာ အနံ့ပျောက်၊ ဖျားနာတဲ့ သံသယလူနာတွေကို Quarantine စင်တာလိုမျိုးသီးသန့် ထားရှိဖို့လုပ်ဆောင်နေပေမယ့် တိုင်းကျန်းမာရေးကိုလည်းစာတင်ထားပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲကို တိုင်းကိုဗစ်ကော်မတီကိုလည်း တင်ပြထားတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ လှိုင်မြို့နယ်မှာဆို ပိုးတွေ့ရှိတဲ့လူနာ ၁၄၀ ဝန်းကျင်လောက်ရှိနေပြီး ပြန်လည်သက်သာလာသူတွေ လည်းရှိသလို သေဆုံးသူ ၁ ဦးရှိပါတယ်။

ကိုဗစ်အရေးမှာ ရှေ့တန်းတိုက်စစ်မှူးတွေနဲ့ အတူ ကူညီပေးနေတဲ့ လှိုင် ကွာရန်တင်း စင်တာ | Kumudra

 

Facebook Comments

Burmese Online News