Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ဆရာ တော် အရှင်ဆေကိန္ဒ နှင့် မဇ္ဈိမဂုဏ်ရည် ဆရာတော်တို့က ကျပ်သိန်း (၁၀၀) စီ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

Image may contain: 1 person, standing

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်မှ သံဃာတော်များ အပါအဝင် သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီး ဆေးဝါးများ၊ ဓာတ်စာများ၊ ကော်ဖီ၊ အအေးနှင့် သောက်ရေသန့်များ စီစဉ်လှူဒါန်းရန်အတွက် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ကျပ် သိန်း (၁၀၀) လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Image may contain: 1 person

အလားတူ မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင် ကောဝိဒ က လည်း ကျပ်သိန်း ၁၀၀ လှူဒါန်းပြိး Covid-19 Postive အဖြေထွက်ခဲ့သော သံဃာတော်များ လူပုဂ္ဂိုလ်များအတွက် အထူးရည်ရွယ်ပြီး ဆေးဝါးများ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကာ ပါရမီဖြည့်ဘက် ဒါယကာ ဒါယိကာမများ အနေနဲ့ လှူဒါန်းလိုက ပေါင်းစပ်လှူဒါန်းဖို့ အသိပေးအကြောင်းကြားအပ်ပါတယ်။

Image may contain: one or more people and outdoor

Ref : MyanmaPlatform

Facebook Comments

Burmese Online News