ဆွမ်းဦးပုညရှင်‌စေတီတွင် အန္တရာယ်ကင်း ပရိတ် ပူဇော်

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီတွင် စက်တင်ဘာ ၂၆ ညနေပိုင်းကစတင်၍ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းအား စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆရာတော်သံဃာတော်များမှ ပရိတ်ရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၆မှ ၂၈ ထိသုံးရက်တိုင်တိုင်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Image may contain: 1 person

” မြန်မာနိုင်ငံတွင်မကကမ္ဘာမှာပါ ကျရောက်နေတဲ့ ကပ်ရောဂါကြီး ကင်းစင်ပပျောက်အောင် သီတဂူဆရာတော်ဘုရားကြီးအမှူးပြုပြီး ဩဝါဒဆရာတော်ရဲ့ဩဝါဒခံယူခဲ့ပြီး ဒီနေ့ ကစအန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်‌တာ‌ဖြစ်ပါတယ်။ စနေ၊တနင်္ဂနွေ၊တနင်္လာနေ့ည‌တွေမှာ ရွတ်ဖတ်ပြီး အင်္ဂါနေ့မနက်မှာ အာရုဏ်ဆွမ်းကပ်ပြီး ပရိတ်ရေများကို စစ်ကိုင်းမြို့အတွင်း လှည့်လည်ပြီးပတ်ဖြန်းသွားမှာပါ” ဟု စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောကြားသည်။

Image may contain: one or more people and people sitting

အဆိုပါအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းသည် စစ်ကိုင်းမြို့၊စစ်ကိုင်းတိုင်း‌ဒေသကြီး အတွက်ပင်မဟုတ်ဘဲ အခြားတိုင်းနှင့်ပြည်နယ်များ နှင့် တစ်ကမ္ဘာလုံး၌ ကျရောက်နေသော Covid-19ကပ်ရောဂါ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

Image may contain: 1 person, sitting, shoes and table

Facebook Comments

Burmese Online News