ပိုးရှိ၊မရှိ အမြန်စစ်နိုင်သော Test Kit များဖြင့် စစစ်မည်ဖြစ်၍ ပိုးတွေ့သူ ပိုများလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အသိပေး

မြို့နယ်နှင့် ခရိုင်ဆေးရုံများတွင် ရောဂါအမြန်စစ်ဆေးနိုင်သော Test Kit များကို ယနေ့ စတင် အသုံးပြုမည်ဖြစ်ပြီး မြန်မြန်စစ်ဆေးနိုင်သည့်အတွက် ပိုးရှိသူ ပိုမိုများပြားစွာတွေ့လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အသိပေးသည်။ COVID-19 ရောဂါဖြစ်ပွား မှု နောက်ဆုံးအခြေအနေကို နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ စက်တင်ဘာ ၂၈ ရက်တွင် တင်ပြခဲ့ရာ ထိုသို့ ပြောကြားခြင်းဖြစ်ပြီး ပိုးရှိသူများပြားလာ သည့် အပေါ် ပြည်သူများအနေဖြင့် စိတ်ဓာတ်မကျရန် အားပေးစကားဆက်ပြောသည်။‘‘ဒီလိုမြန်မြန် သိရတဲ့အခါ ကျတော့ စောစောစီးစီး ကုသမှု ပေးနိုင်တယ်။ ပျောက်နှုန်းက ပိုပြီးတော့ ကောင်းလာမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

COVID-19 ပိုးရှိ၊ မရှိ မြန် မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် စစ်ဆေးနိုင်သည့် Test kit များ ကို တောင်ကိုရီးယားနိုင်ငံမှ နှစ် သိန်းမှာယူထားရာ စက်တင်ဘာ ၂၇ ရက်တွင် ၆၀,၀၀၀၊ ယမန်နေ့တွင် ၁၄၀,၀၀၀ ထပ်မံရောက် ရှိခဲ့ကြောင်းနှင့် ယနေ့တွင်လည်း တောင်ကိုရီးယား အစိုးရက လှူဒါန်းသည့် Test kit ၅,၀၀၀ ထပ်မံရောက်ရှိမည်ဟု ဆိုသည်။ နိုင်ငံအတွင်း COVID-19အတည်ပြုလူနာ တစ်သောင်း ကျော်၊ သေဆုံးသူ ၂၀၀ ကျော်ရှိလာချိန်တွင် ပြည်သူများက စိုးရိမ်ကြောင့်ကြစရာဟုမမြင်ဘဲ အ လေးအနက်ထားစရာ၊ သတိပြု စရာဟု ရှုမြင်စေချင်ကြောင်း အ တိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

Daw Aung San Suu Kyi's ICJ speech in full | The Myanmar Times

ဆက်လက်၍ ပိုးတွေ့ရှိထားသည့်လူနာများကို အားပေးစကား ပြောလိုပြီး နိုင်ငံတော်သည် ရောဂါဖြစ်နေသည့် ပြည်သူတစ် ဦးချင်းစီတိုင်းကို ချမ်းသာသူ၊ ဩဇာအာဏာရှိသူအဖြစ် ခွဲခြားမှုမရှိဘဲ အားလုံးအပေါ် တန်းတူ တန်ဖိုးထားကြောင်း ၎င်းက ဆို သည်။ ကိုယ်ခံအားမကျရေးက လွန်စွာအရေးကြီးပြီး နိုင်ငံတော်အစိုးရသာမက ပြည်သူ၊ ပြည်သူများကလည်း ရောဂါဖြစ်နေသူများအပေါ် မေတ္တာ၊ ကရုဏာဖြင့်ရှုမြင်ကာ အမြန်ဆုံးပြန်လည် သက်သာစေလိုသည့် စိတ်များရှိ နေသည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောသည်။ ‘‘စိတ်ဓာတ်က အများကြီး ဆောင်ပါတယ်။ ကိုယ်တစ် ယောက်တည်းမဟုတ်ဘူး။ ကိုယ်နဲ့တစ်တိုင်းပြည်လုံးက ရှိတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ အင်အားမွေးပါ။ ကျွန်မတို့ တစ်တိုင်းပြည်လုံးအ တွက် ကိုယ်ကလည်း ရုန်းကန်ရ မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီရောဂါကို ကျော်လွှားနိုင်အောင်လို့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးစေချင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

Myanmar races to contain spread of COVID-19 within next two weeks | The Myanmar Times

အစိုးရသည် တင်းကျပ်စွာ ထိန်းသိမ်းရန် ဆောင်ရွက်နေမှု များရှိနေပြီး ရောဂါပြန့်ပွားမှု လုံးဝကျဆင်းသွားနိုင်မည်ဟု ခန့်မှန်းထားကြောင်းနှင့် စည်းမျဉ်းစည်း ကမ်းများကို လိုက်နာရမည့် သတ္တိရှိရန်လည်း ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းခဲ့သည်။ ထို့အပြင် အချုပ်ခံထားရ သည့် ပြည်သူများအတွက်လည်း ချန်ရစ်ထားခြင်းမရှိဘဲ အကျဉ်း ထောင်များ၊ အချုပ်ခန်းများတွင် ရောဂါမပြန့်ပွားစေရန် ဆောင်ရွက်နေပြီး မည်သူမျှအားငယ်ရန် မလိုကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် က အားပေးသည်။ ထို့အပြင် ပြည်သူများ ဆေးမြီးတိုဖြင့် ကုသခြင်းမျိုးမပြုလုပ် ရန် ကျွမ်းကျင်ပညာရှင်သမား တော်ကြီးများကို အွန်လိုင်းမှ ရှင်းလင်းဟောပြောစေမည့် အစီအ စဉ်ကို ယနေ့စတင်မည်ဖြစ်ပြီး အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးရက်များတွင် ည ၇ နာရီမှ ၇ နာရီခွဲအထိ ထုတ်လွှင့်ရန် စီစဉ်ထား ကြောင်းနှင့် ပြည်သူများက အဆို ပါအစီအစဉ်ကို နားထောင်ကြရန် ၎င်းက တိုက်တွန်းသည်။

State Counsellor Daw Aung San Suu Kyi's Report to People regarding need for strict compliance with regulations, instructions, directives issued for containment of COVID-19 | Ministry Of Information

COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများသိလိုသည့် အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် မေးမြန်းနိုင်ကာ ပထမဆုံးမေးခွန်းလက်ခံသည့်နေ့ တွင် မေးခွန်း ၃၀၀ ကျော်လက်ခံရရှိကြောင်းနှင့် အဆိုပါမေးခွန်း များကို တူရာစုကာ ကျွမ်းကျင် ဆရာဝန်သမားတော်ကြီးများက ဖြေကြားပေးမည်ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးအ တွက် လုပ်ဆောင်ရခြင်းမှာ ပြည် သူများကို ချုပ်ချယ်လို၍မဟုတ် ဘဲ ရောဂါချုပ်ချယ်လိုသော ကြောင့် ဖြစ်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ရှင်းလင်းသည်။

MINISTRY OF HEALTH AND SPORTS

ယင်းနောက် ကာရာအိုကေ ဖွင့်လှစ်ခြင်းများကို တိကျစွာ၊ တင်းကျပ်စွာ အရေးယူရန် ဆောင်ရွက်နေပြီဟု ပြည်သူများကို အသိပေးသည်။စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ ပြည်သူများ အစိုးရိမ်မလွန်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှုန်းသည် သုညအောက်မကျသေး ကြောင်း အသိပေးသည်။ ‘‘ကျွန်မတို့ အာဆီယံမှာဆို ရင် သုညအောက်မကျတဲ့နိုင်ငံ သုံးနိုင်ငံထဲမှာ ကျွန်မတို့နိုင်ငံ အခုထိတော့ ရှိပါသေးတယ်။ ဆက်ရှိ မယ်လို့ ကျွန်မတို့ အာမမခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီ ဒုတိယလှိုင်းနဲ့လည်း ကျွန်မတို့ရုန်း ကန်နေရတာဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် ပြောသည်။ သို့သော် အစိုးရက အထက်ပါတိုးတက်မှုနှုန်းကို ဆက်ထိန်း ထားမည်ဖြစ်ပြီး ပြည်သူများက ကျန်းမာအောင်နေထိုင်ရန်သာ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။‘‘အခုအချိန်မှာ ကျန်းမာ အောင်နေပါ။ အကယ်၍ ရောဂါပိုးဝင်နေပြီဆိုရင် ရောဂါပိုးကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ့် စိတ်ကိုယ်ကိုမှန်မှန်ထားပါ။ ကျွန်မတို့အားလုံး နိုင်ငံတော်အစိုးရကရော၊ ပြည်သူပြည်သား တွေကရော ကိုယ့်ဘက်မှာ ရှိနေ တယ်ဆိုတာကို ယုံကြည်ပါ’’ဟု ၎င်းက ဆိုသည်။

Yangon officials start inspecting QR codes of cars, people allowed to travel | The Myanmar Times

ပြည်သူများ၏ အဓိက တာဝန်သည် မိမိကျန်းမာရေးကို မိမိဂရုစိုက်ရန်၊ ပိုးဝင်ပါက ကျော် လွှားရန်၊ ပိုးမဝင်ပါက ပိုးမဝင်ရန်၊ အခြားသူများကို မကူးရန် နည်း အမျိုးမျိုးဖြင့် ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံသည်။ကျန်ကိစ္စရပ်များကို နိုင်ငံတော်က တတ်နိုင်သမျှ တာဝန်ယူမည်ဖြစ်ပြီး ပြည်သူလူထု မထိခိုက် စေရန်၊ နိုင်ငံတော်မထိခိုက်စေရန် အစိုးရက တစိုက်မတ်မတ် လုပ် ဆောင်နေသည်ကို ပြည်သူများက ယုံကြည်စေလိုကြောင်း အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောသည်။

Coronavirus test kits effective way to monitor the pandemic | Omnia Health Insights | News from the global healthcare community

7Day News

Facebook Comments

Burmese Online News