တပ်မတော်ကွပ်ကဲမှုအောက်ဖြစ်သော်လည်း ဆန္ဒပြပြည်သူများကို အနှောင့်အယှက်ပေးမည်မဟုတ်ဟု BGF ပြော
ကရင် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အနေဖြင့် တပ် မတော်ကွပ်ကဲမှုအောက်၌ရှိသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ် သော်လည်း ဆန္ဒပြပြည်သူများကို လုံးဝအနှောင့်အယှက်ပေးမည် မဟုတ်ကြောင်း BGF တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူက ယမန် နေ့တွင် ပြောကြားသည်။Thoolei သတင်းဌာန၏ မတ်လ ၄ ရက် သတင်းဖော်ပြချက် တွင် ကော့ကရိတ်မြို့ စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်သူများကို မြို့တွင်းအဝင်မခံဘဲဖြို ခွင်းရန်ပြင်ဆင်နေသည့် စုဖွဲ့မှုတွင် BGF ဘက်တံဆိပ် တပ်ဆင် သူများ ပါဝင်ကြောင်းပါရှိသည်။
ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောချစ်သူအား မေးမြန်း ရာ လုံးဝမပါဝင်ကြောင်း ဖြေကြားပြီး အဆိုပါသတင်းများ မတ်လ ၃ ရက်ကတည်းက ထွက်ပေါ်နေ၍ ဓာတ်ပုံအထောက်အထား ရှာဖွေ ရာ မတွေ့ရသေးဟု ပြောသည်။‘ကျွန်တော်တို့လူတွေအားလုံးကို ကျွန်တော်တို့ ပြောထား တယ်။ အခုအချိန်မှာ ပြည်သူနဲ့ ထိပ်တိုက် ကျွန်တော်တို့ဘယ်လိုမှ အဖြစ်မခံဘူး’’ဟု၎င်းကဆိုသည်။ဆန္ဒပြမှုများတွင် လက်နက်ကိုင်အဖွဲ့များ လက်နက်များ ကိုင်ဆောင်၍ ပါဝင်ခြင်းမပြုရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ထားကြောင်း၊ ဆန္ဒပြ ပြည်သူများကို အကူအညီ များ မပေးနိုင်သေးသော်လည်း အနှောင့်အယှက်ပေးမည် မဟုတ် ကြောင်း ဗိုလ်မှူးကြီးစောချစ်သူ က ပြောသည်။‘‘ကျွန်တော်တို့ တပ်မတော် ရဲ့ ကွပ်ကဲမှုအောက်ဖြစ်ပေမယ့် လည်း အခုအချိန်မှာ ပြည်သူတွေဟာတအား တစ်နိုင်ငံလုံးအတိုင်း အတာ ပါဝင်ဆန္ဒဖော်ထုတ်တဲ့ အခါကျတော့ ကျွန်တော်တို့မှာ အ ကူအညီမပေးနိုင်တဲ့အပြင် ဘယ်လိုသွားပြီးတော့ အနှောင့်အယှက်ပေးမှာလဲ’’ဟု ဗိုလ်မှူးကြီးစောချစ် သူက ပြောသည်ဆန္ဒပြပြည်သူများအား ဖြိုခွင်းသည့်အဖွဲ့တွင် မပါဝင်သော် လည်း မြို့သိမ်းပွဲလုပ်ဆောင်မည် ဆိုသည့် ကောလာဟလသတင်း များကြောင့် ယခင် BGF လုံခြုံရေးယူခဲ့သည့် မြို့အပြင် နေရာများ၌ BGF တပ်များရှိကြောင်း ၎င်းက ဆိုသည်။
‘‘မြို့ပေါ်မှာ ပြည်သူဆန္ဒပြသွားတဲ့လမ်းမှာ လုံးဝလုံးဝ ကျွန် တော်တို့လူ မရှိဘူးအဲဒါအမှန်ပဲ’’ ဗိုလ်မှူးကြီးစောချစ်သူက ပြော သည်။ထို့အပြင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒပြမှုအပေါ် ဝင်ရောက်နှိမ်နင်းခြင်းသည်လည်းမကောင်း ကြောင်း ဗိုလ်မှူးကြီးစောချစ်သူ က ၎င်း၏အမြင်ကို ပြောပြသည်။‘‘ကျွန်တော်တို့ ပြည်သူလူ ထုတွေက အခုတစ်နိုင်ငံလုံးတော့ ဆန္ဒဖော်ထုတ်တဲ့အခါမှာ ကျွန် တော်တို့ ပြည်သူနဲ့အတူ ပါဝင်ပြီးတော့ ကျွန်တော်တို့ လုပ်လို့ မသင့်တော်ဘူးပေါ့။
မသင့်တော်တာဆို တာ အခု တပ်မတော်နဲ့လက်တွဲ တပ်မတော်ရဲ့ကွပ်ကဲမှုအောက် မှာ ကျွန်တော်တို့နေတဲ့ အဖွဲ့ဆို တော့ ပြည်သူကနေ ဒါတွေကို နည်းနည်းနားလည်ပေးဖို့ ပြောချင် တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ပြည်သူကို ဒီထက်မက နှိမ်နင်း လာမယ်ဆိုရင်လည်း ဒါကတော့ ပြောသင့်ပြောထိုက်တာကတော့ မှန်မှန်ကန်ကန် သတ္တိရှိရှိ ပြောရမှာပေါ့’’ဟု ဗိုလ်မှူးကြီးစောချစ်သူ က ပြောသည်။ကရင်လက်နက်ကိုင်တပ်ဖွဲ့ မှ အသွင်ပြောင်းလာသည့် BGFတပ်ဖွဲ့သည် အင်အား ၈,၀၀၀ ကျော်ရှိသည့် အဖွဲ့အစည်းတစ် ခုဖြစ်သည်။