မနေ့ညက ပြုလုပ်ကျင်းပခဲ့တဲ့ ” Pride Of Myanmar Awards ” ဆုပေးပွဲကြီးကတော့ တကယ့်ကို ကြီးကျယ်ခမ်းနားမှုတွေနဲ့ အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတဲ့ ပညာရှင်တွေကို ရွေးချယ်ပြီး ချီးမြှင့်တဲ့ပွဲကြီးမှာတော့ ထူးချွန်သူတွေက ထိုက်တန်တဲ့ဆုတွေကိုလည်း ဆွတ်ခူးရရှိခဲ့ကြပါတယ်။ ကမ္ဘာက လေးစားရတဲ့ မြန်မာပြည်ဖွားတွေအဖြစ် ဆုရရှိခဲ့ကြသူတွေထဲမှာတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေလည်း အပါအဝင် ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အကယ်ဒမီများဆုရှင် မင်းသမီးချော အိန္ဒြာကျော်ဇင်က ” ဘက်စုံထူးချွန်သော အကယ်ဒမီဆုများရှင် အမျိုးသမီးသရုပ်ဆောင်၊ အလှအပနှင့်ဆိုင်သော ဆုများစွာရရှိထားသူ၊ ပရိတ်သတ်များက လေးစားအားကျ အတုယူရသော စံပြအမျိုးသမီး – အိန္ဒြာကျော်ဇင် – ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား ” ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

စူပါမော်ဒယ်၊ သရုပ်ဆောင် မေမြတ်နိုးကလည်း ” အလှအပနှင့် ဖက်ရှင်ရေးရာတွင် ထူးချွန်သူ၊ နိုင်ငံတကာ ဖက်ရှင်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသော မော်ဒယ် နှင့် သရုပ်ဆောင် – မေမြတ်နိုး – ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား” အဖြစ် ဆုရရှိခဲ့ပါတယ်။

ဒါအပြင် Beauty Blogger ၊ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကလည်း ” မျက်မှောက်ခေတ် အလှအပရေးရာတွင် အောင်မြင်နေသော စံပြအမျိုးသမီး၊ လူမှုဆက်ဆံရေး မီဒီယာတွင် လူသိများ ထင်ရှားသူ၊ အမျှော်အမြင်ရှိသော စီးပွားရေးလုပ်ငန်းရှင် – နေခြည်ဦး – ကမ္ဘာကလေးစားရသော မြန်မာပြည်ဖွား” အဖြစ် ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ လက်ရှိမှာတော့ နေခြည်ဦးက သီလရှင်ဝတ်နေတာကြောင့် ဆုကိုတော့ မင်းသမီး အိချောပိုက ကိုယ်စားတက်ယူပေးခဲ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဂုဏ်ယူလေးစားစရာကောင်းတဲ့ မြန်မာပြည်ဖွား မင်းသမီးသုံးဦးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Pride Of Myanmar Awards , Eaindra Kyaw Zin & May Myat Noe;

Facebook Comments