ဖေဖော်ဝါရီလမှာ စတင်ပြုလုပ်ခဲ့တဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကတော့ ပရိသတ်တွေရဲ့ အိမ်မတ်တွေကို အမှန်တကယ်ပြောင်းလဲစေမှာအမှန်ပဲဖြစ်ပါတယ်။ အဆိုပါ သိန်းတစ်သောင်းခွဲကံထူးရှင်ကို ဧပြီလ ၁ ရက်နေ့ မနေ့က ဒုတိယအကြိမ်မြောက် ရွေးချယ်ခဲ့ပြီး သိန်းတစ်သောင်းခွဲကံထူးရှင်တစ်ဦးကို ထပ်မံရွေးထုတ်ပေးခဲ့ပြန်ပါပြီ။ အဆိုပါ ကံထူးရှင် ကတော့ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ မိသားစုတစ်စုဖြစ်ကြောင်း သိရပါတယ်။

ကျောင်းကုန်းမြို့အမှတ်(၃)ရပ်ကွက်(၆၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှုပွဲကို သိန်းတစ်သောင်းငါးထောင်ဆု ဆွတ်ခူးရရှိသွားသော မောင်ပြည့်ဖြိုးမောင်+မလွင်လွင်ဦး (သမီး)မပန်းအိသဇင်မိသားစုတို့မှ ကွယ်လွန်သူဖခင်ကြီး(ဦးထိန်လင်းအောင်)အားရည်စူးပြီးနှစ်ဘက်မိဘများကိုအမှုးထား၍ ကျောင်းတစ်ကျောင်းလျှင် တစ်သိန်းကျပ် ကျောင်း (၂၃၀) ကျောင်းအတွက် ကျပ်သိန်းနှစ်ရာ့သုံးဆယ်ကို အမှတ်(၃)ရပ်ကွက် ဗဟိုလ်မင်္ဂလာမဏ္ဍပ်ကြီးသို့ လာရောက်လှုဒါန်းပေးခဲ့ပါသည်

သိန်းတစ်သောင်းခွဲကံထူးရှင်ဇနီးမောင်နှံအတွက် ဝမ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု ခေါ်ပါတယ်။

Facebook Comments