ဘဏ်များအနေဖြင့် ငွေစက္ကူအတုများကို စုတ်ဖြဲပိုင်ခွင့်မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ဘဏ်များအနေဖြင့် ငွေစက္ကူအတုများကို စုတ်ဖြဲပစ်ပိုင်ခွင့်မရှိသည့်အတွက် ယင်းကဲ့သို့ မလုပ်ဆောင်ရန် အစိုးရအဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားချက် ထုတ်ခိုင်းလိုက်သည်။ဧပြီလ ၄ ရက်က ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ လူထုတွေ့ဆုံပွဲတွင် ဒေသခံအမျိုးသမီးတစ်ဦးက ဘဏ်တွင် ပိုက်ဆံအပ် သည့်အခါ အတုဆိုပြီး စုတ်ဖြဲမှုများရှိနေကြောင်း တင်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“ ဘဏ်ကိုပိုက်ဆံ သွားထည့်လို့ အတုဆိုပြီး သူတို့စုတ်ဖြဲပိုင်ခွင့်မရှိဘူး။ အတုဆိုရင် လက်မခံရင် လက်မခံနဲ့။ အစိုးရ အဖွဲ့အ နေနဲ့ ဒါကို ညွှန်ကြားချက်ထုတ်ပါ။ စက္ကူအတုတွေ လာပြီးတော့ သွင်းတယ်ဆိုရင် ပြည်သူက မသိလို့ပေါ့နော်။ အညာခံရလို့ လက်ထဲ ငွေစက္ကူ အတု တွေ ရှိပြီဆိုရင် ဘဏ်ကစာရင်းနဲ့ လာပေးတဲ့ သူနာမည်နဲ့ ဒီဟာကို သက်ဆိုင်ရာကို တိုင်ဖို့ပဲ။ နောက်မှ ဇစ်မြစ်ကိုရှာ ရမှာပေါ့။ ဘယ်ကနေ ဒီအတုတွေ ရောက်လာသလဲဆိုတာ။ ဒီလိုဆွဲဖြဲတာတော့ မလုပ်ရပါဘူး” ဟု နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သူတစ်ပါး၏ ပိုက်ဆံကို အတုဖြစ်စေ၊ အစစ်ဖြစ်စေ ဆွဲဖြဲပိုင်ခွင့် မည်သူတွင်မျှမရှိကြောင်းနှင့် နောင်တွင် အလိမ်မခံရစေရန် အဆို ပါ ငွေစက္ကူအတုကို အမှတ်တရ သိမ်းထားရန်လည်း မိမိ၏ လုပ်ပွင့်အရ သိမ်းဆည်းထားနိုင်ကြောင်းလည်း နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ယင်းကဲ့သို့ ငွေစက္ကူအတုကို ဆွဲဖြဲပိုင်ခွင့်မရှိသော်လည်း ဘဏ်များအနေဖြင့် အစားထိုး အလျှော်ပေးမည်တော့ မဟုတ်ကြောင်း လည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ငွေစက္ကူအတုကိစ္စနှင့် ပတ်သက်၍ တင်ပြခဲ့သည့် ဒေသခံအမျိုးသမီးက ဘဏ်များအနေဖြင့် အလျှော်ပေးရန် ပြောကြားခဲ့သည့် အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်တုန့်ပြန်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ အတုဆိုရင်တော့ ဘဏ်က မလျှော်ပေးဘူး။ အတုကို ပေးလိုက်တဲ့ လူမှာသာ အပြစ်ရှိတယ်။ ဘဏ်ကလူက အပြစ်မရှိဘူးလေ။ အတုတွေကို အစစ်နဲ့ လဲပေးရမယ်ဆိုရင် ဘဏ်ရှုံးမှာပေါ့”ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ငွေစက္ကူအတုများ တွေရှိမှု ဖြစ်စဉ်များအများအပြားဖြစ်ပေါ်ခဲ့ပြီး စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင် နေရာမှ ပြမန်မာနိုင်ငံသို့ ပြန်လာသည့် ပဲခူးတိုင်းဒေသကြီး တိုက်ဦးမြို့နယ်တွင် နေထိုင်သည့် နော်သောသွဲ့ထူးထံမှ တစ်သောင်း တန် ငွေစက္ကူများ တွေ့ရှိမှုကြောင့် တရားစွဲဆိုခံရမှုသည် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် စင်္ကာပူ ငွေလဲကောင်တာ၌ ငွေလဲလှယ်ခဲ့ရာမှ ယင်းကဲ့သို့ ငွေစက္ကူအတုများ ဖြစ်နေ ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် အဆိုပါ ငွေစက္ကူများဖြင့် အသုံးပြုရာမှ အတုများ ဖြစ်နေကြောင်း သိရှိခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။

Credit-အကုန်သိ

Facebook Comments