နှင်းဆီအဖွဲ့မှ အနုပညာရှင်များ နေတိုးတို့မိသားစုအလှူပွဲသို့ပရိသတ်များကို ဖျော်ဖြေရန်ထပ်မံ ရောက်ရှိ
News – Khinewar
Unicode
မွေးရပ်မြေ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် သို့ ပြန်လည် ရောက်ရှိနေသော သရုပ်ဆောင် နေတိုးတို့ မိသားစု ၏ အလှူပွဲကို ဧပြီလ ၅ရက်နေ့က ကျင်းပပြီးစီးခဲ့ပါတယ်။
ဒီကနေ့ မနက် (၉)နာရီအချိန်ခန့်မှာတော့ ပရိသတ်များကိုဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေရန် နှင်းဆီအဖွဲမှ အနုပညာရှင်များစွာ ထပ်မံရောက်ရှိလာခဲ့ကြပါတယ်။ သရုပ်ဆောင်ကိုနေတိုးတို့မိသားစုနှင့်အတူ မာန်အောင်မြို့နယ်တွင်ရှိသော ပရိသတ်များစွာက အနုပညာရှင်များကို သင်္ဘောဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြပါတယ်။News – KhinewarCredit to Popular Journal