အားလုံးရင်ထဲ ထိသွားစေခဲ့တဲ့ ခရစ်စတီးနားခီရဲ့ ကျေးဇူးတင်စကား

အားလုံးရင်ထဲ ထိသွားစေခဲ့တဲ့ ခရစ်စတီးနားခီရဲ့ ကျေးဇူးတင်စကား

မနေ့ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့ကြတဲ့ Star awards ရုပ်ရှင်ဆုပေးပွဲကြီးကတော့ ခမ်းနားစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အကယ်ဒမီအပြင် နောက်ထပ်ဆုအမျိုးအစားအနေနဲ့ သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပတဲ့ Star Awards ဆုကို ယခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆုတော်တော်များများလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူရရှိခဲ့မယ် ထင်ပါတယ်။ Star Awards ဆုပေးပွဲမှာတော့ အကယ်ဒမီပေးပွဲကတည်းက ပရိသတ်တွေရဲ့ အကယ်ဒမီကို ရရှိထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီးနားခီကတော့ ဒီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပြီး ပရိသတ်တော်တော်များများကလည်း အားပေးခဲ့ကြပါတယ်။ ခရစ္စတီးနားခီကတော့ ဆုယူပြီး ဝမ်းသာစကားပြောကြားခဲ့ပါတယ်။ ခရစ္စတီးနားခီကတော့ “အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဆုကတော့ မျှော်လင့်ထားတာ မရှိပါဘူး။ ကျမ အမြဲပြောသလိုပဲ ဘယ်လမ်းကြောင်းကို ဦးတည်ပေးမှာလဲ။ ဘယ်လမ်းကြောင်းကို လုပ်ပေးမှာလဲဆိုပြီး အမြဲသိချင်ခဲ့ပါတယ်။ ဒီဆုကိုလည်းကျမတို့ သွားနေတဲ့ လမ်းကြောင်းကိုပဲ မီးမောင်းထိုးပြလိုက်တယ်လို့ပဲ ထင်ပါတယ်။ အနုပညာတခုဟာ ခပ်မြန်မြန် လုပ်စရာမလိုပါဘူး။ အနုပညာ ဖန်တီးတဲ့နေရာမှာ စိတ်ရောကိုယ်ပါ သေသေချာချာဖန်တီးနိုင်တဲ့ စွမ်းအင်တွေ ထုတ်ပေးရတယ်ဆိုပြီးတော့ ကျမမြင်ပါတယ်။

ဒီနေ့ဆုပေးပွဲမှာ စကာတင်ပါခဲ့တဲ့ သူတွေ အားလုံးကို ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ ကျမတို့ ဆရာတွေက ကျမတို့ကို ဆုံးမထားပါတယ်။ ရုပ်ရှင်ရိုက်ရင် ပိုက်ဆံရချင်တာလား။ Star ဖြစ်ချင်တာလားတဲ့။ Star ဖြစ်ချင်တာပဲ ဖြစ်ဖြစ် ရုပ်ရှင်အတွက် ပိုက်ဆံရဖို့ လုပ်တာဆိုရင်တော့ လာမသင်ပါနဲ့ဆိုပြီးတော့ ပထမဦးဆုံးနေ့မှာပဲ သွန်သင်ဆုံးမခဲ့ပါတယ်။ ရုပ်ရှင်တခု ပြီးမြောက်ဖို့ဆိုတာမလွယ်ပါဘူး။ အဖွဲ့တခုလုံး ကူညီမှ လုပ်လို့ရပါတယ်။

အထူးသဖြင့် ကျမတို့နိုင်ငံမှာဆို အဆင်မပြေမှုတွေ အများကြီးကြုံရပါတယ်။ အဲ့အရာတခုကို တွန်းလှန်ဖို့ဆိုတာ အဖွဲ့မရှိရင် မရပါဘူး။ ရုပ်ရှင်တကား ရုံပေါ်ရောက်ဖို့အတွက်လည်း တော်တော်ကြိုးစားယူရပါတယ်။ ပြီးတော့ ကျမရဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ သူတို့သာမရှိရင် ကျမလည်း ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ခရစ္စတီးနားခီ တယောက်အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိသွားတဲ့အတွက် ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ကျေနပ်အားရလိမ့်မယ်လို့ ထင်ပါတယ်။

Facebook Comments

Burmese Online News