အသံပါဝါကောင်းကောင်းနဲ့ အဆွေးသီချင်းတွေကို ခံစားချက်အပြည့်ထည့်ပြီး သီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ သူမရဲ့ကိုယ်ပိုင်သံစဉ်တွေ၊ ဆန်းသစ်တဲ့ သီချင်းဗီဒီယိုတွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူမကတော့ မေလ (၂၁) ရက်နေ့မှာ သာသနာ့ဘောင်ထဲကို ဝင်ရောက်သွားခဲ့တာဖြစ်ပြီး ယနေ့လူထွက်လာတဲ့အချိန်မှာတော့ ကတုံးလေးနဲ့ အရမ်းလန်းပြီးဂေါ်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။

သီလရှင်ထွက် ကတုံးကေနဲ့ အပြတ်လန်းပြီး ဂေါ်နေတဲ့ ပိုပိုရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ကတုံးကေနဲ့ အပြတ်လန်းနေတဲ့ ပိုပိုကတော့ ” Hello Everybody Good to see you again 😎 I Miss you so Much 😍❤️ ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဆရာလေး ဝိမလဉာဏီ အဖြစ်နဲ့ သာသနာ့ဘောင်ထဲကို ဝင်ရောက်သွားခဲ့တဲ့ ပိုပိုကတော့ ယနေ့ဆိုရင် (၉) ရက်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်တာကြောင့် လူဝတ်လဲပြီး အထာကျကျ ဂေါ်နေတာလေးကို ပရိသတ်တွေ တွေ့မြင်ကြရမှာပါ။

သီလရှင်ထွက် ကတုံးကေနဲ့ အပြတ်လန်းနေပြီဖြစ်တဲ့ ပိုပိုရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျမိမယ်လို့ ထင်ပါတယ်။ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးတော့မယ့် ပိုပိုရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Facebook Comments