အဆိုတော်မေရွက်ဝါရဲ့ သမီးလေးဖြစ်တဲ့ ဆန်းသစ်လဟာဆိုရင် ချစ်ခင်ပွန်း ကိုဝင်းမြတ်နဲ့အတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်နေတာပါ…။ ကျောက်မျက်ရတနာဆိုင်ကြီးကိုလည်း ဖွင့်ထားပြီး စီးပွားရေးလုပ်ငန်းမှာလည်းအောင်မြင်နေတဲ့ မေရွက်ဝါဟာဆိုရင် တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကမှာ ကျော်ကြားခဲ့တဲ့ အဆိုတော်၊သရုပ်ဆောင်ပါနော်…။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားပေမယ့် ပရိသတ်တွေနဲ့တော့ ရင်ဘတ်ချင်းနီးနေတုန်းဖြစ်ပါတယ်…။

အကြောင်းဟာဆိုရင်တော့ ဆန်းသစ်လဟာ သဘောထားပြည့်ဝသူဖြစ်ပြီး မကြာခဏဆိုသလို လွမ်းဆွတ်တမ်းတနေတဲ့ ပရိသတ်တွေအတွက် အမှတ်တရ ပုံရိပ်လေးတွေကို တလေးတစားနဲ့ ပြသပေးတာကြောင့်ပင်လို့ ဆိုရမှာပါ…။ ဆိုင်နားချိန်မှာတောင် ပရိသတ်တွေကြည့်ရှုခံစားရအောင် ပုံလေးတွေ တင်ပေးတာဖြစ်ပါတယ်…။

ဆန်းသစ်လတို့ ဇနီးမောင်နှံဟာ သာယာအေးချမ်းတဲ့ ဘဝလေးကို တစ်ဦးအပေါ်တစ်ဦးနားလည်ပေးပြီး ကြင်နာစွာ ဖြတ်သန်းနေတာပါ..။ ခင်ပွန်းဖြစ်သူ ကိုဝင်းမြတ်ဟာဆိုရင်လည်း ဇနီးဖြစ်သူအပေါ် အလိုလိုက်၊ အကြိုက်ဆောင်ကာ အရိပ်အောက်က တစ်ဖွားမှ ပျောက်မခံနိုင်အောင် ချစ်မြတ်နိုးတာကိုတွေ့ရှိရမှာပါ…။

အပန်းဖြေခရီးတွေလည်း အတူထွက်လေ့ရှိတဲ့ ဆန်းသစ်လတို့ဇနီးမောင်နှံဟာဆိုရင် ပြည်တွင်းခရီးတွေသာမက၊ ပြည်ပခရီးတွေပါ ထွက်လေ့ရှိတာဖြစ်ပါတယ်…။ ဗဟုသုတဖြစ်ဖွယ် ခရီးသွားမှတ်တမ်းပုံရိပ်တွေကို ကြည့်ရှုခံစားရအောင် တင်ဆက်ပေးလေ့ရှိတာဖြစ်ပြီး ပွဲလမ်းသဘင်တွေ၊ အခမ်းအနားပွဲတွေ တက်ရောက်တာကအစ ဖော်ပြပေးတာပါ…။ အခုတစ်ခါမှာဆိုရင်လည်း “အသဲတို့ရဲ့ မတ်မတ်” ဆိုတဲ့ စာသားလေးထိုးပြီး စူးရှတဲ့ မျက်ဝန်းအလှပိုင်ရှင်ဖြစ်ကြောင်း အလှပုံရိပ်လေးတွေနဲ့တကွ သက်သေပြလိုက်တာပါနော်…။

Facebook Comments