အနုပညာလောကမှာ ကိုယ်စီကိုယ်စီ အောင်မြင်မှုတွေ ရရှိနေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်ရတဲ့ အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို နှစ်ကိုယ်တူ ဖန်တီးနေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေနှစ်ရွှေမောင်နှံလေးက သူတို့နှစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကား အမှတ်တရလက်မှတ်ထိုးပွဲအတွက် မန္တလေးမြို့သို့ ရောက်ရှိနေကြတာပါ။ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ပရိသတ်တွေနဲ့ တွေ့ဖို့ သွားနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံလေးတို့ရဲ့ပုံလေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ဧည့်သည်ရုပ်ရှင်ဇာတ်ကား အမှတ်တရလက်မှတ်ထိုးပွဲအတွက် မန္တလေးသို့ ရောက်ရှိနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးတို့ ချစ်တတ်လိုက်ပုံများကတော့ မိန်းမဖြစ်သူရဲ့LV အိတ်လေးကို လွယ်ပေးထားသေးတယ်နော်။

မန္တလေးမြို့ကြီးမှာ အထာကျကျဂေါ်နေတဲ့ ရွှေထူးရဲ့ပုံရိပ်ကတော့ လုံးဝအလန်းစားပဲ။

ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီနေ့မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ပြသနေပြီပဲ ဖြစ်ပါတယ်။ အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးရဲ့သရုပ်ဆောင်မှုတွေကိုတော့ ရွှေမှုံလေးက ဇနီးတစ်ယောက်အနေနဲ့ ၁၀၀ % သဘောကျတယ်လို့လည်း ပြောထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ ရွှေနှစ်ရွှေမောင်နှံလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Facebook Comments