ပရိသတ်ကြီး ချစ်ရတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အခုဆိုရင် အိမ်ထောင်ကျပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ သားလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မေမေမိုးယုစံကတော့ ကလေးအမေဆိုပေမယ့် အပျိုတုန်းကအတိုင်း နုနယ်ပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် မိုးယုက သားလေးကို ကိုယ်တိုင်ကျောင်းပို့ကျောင်းကြိုလုပ်ပေးပြီး အသေးစိတ်ကအစ သေသေချာချာ ဂရုစိုက်ပေးနေတာပဲ ဖြစ်ပါတယ်။

ကောင်းသိင်္ခမိုးသူဆိုတဲ့ မေမေမိုးယုစံရဲ့ချစ်သားလေးကတော့ အခုဆိုရင် အသက် (၁) နှစ်နဲ့ (၉) လတိတိ ရှိနေပြီ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အင်္ဂလိပ်စာလုံးရေ (၁၂၀) လောက်ကို ကောင်းကောင်းသိနေပြီဖြစ်တဲ့ မိုးယုသားလေးက အရမ်းကို လိမ္မာပြီး ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း ကောင်းသိင်္ခမိုးသူလေးက ဘွားဘွားရဲ့မွေးနေ့အလှူပွဲမှာ ဘုန်းဘုန်းတွေကို ကိုယ်တိုင်ဆွမ်းကပ်လှူဒါန်းပြီး ကုသိုလ်ယူနေတာ တွေ့ရပါတယ်။


လူစုံတက်စုံနဲ့ ကျင်းပကြတဲ့ မိုးယုစံတို့မိသားစုရဲ့ အလှူပွဲလေးမှာတော့ ကောင်းသိင်္ခမိုးသူလေးက လူကြီးလေးတစ်ယောက်လို ဝေယျာဝစ္စတွေကို ဝိုင်းဝန်းကူညီပေးနေတာ ဖြစ်ပါတယ်။ အရွယ်လေးနဲ့ မလိုက်အောင် လိမ္မာရေးခြားရှိလွန်းလှတဲ့ မိုးယုရဲ့ချစ်သားလေးကိုတော့ အားလုံးက ဝိုင်းချစ်နေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘွားဘွားရဲ့မွေးနေ့ အလှူပွဲမှာ ဝိုင်းကူပေးနေတဲ့ မိုးယုသားလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Facebook Comments