နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း အားပေးလက်ခံခြင်း ခံရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။


အခုလည်း ဝတ်မှုံရွှေရည်က ကိုရီးယားနိုင်ငံနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုကားမှာ ဝတ်မှုံရွှေရည်က ခေါင်းဆောင်မင်းသမီးဖြစ်ပြီး ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးကို Big 5 Production နှင့် JBJ Entertainment တို့ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဦးစီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်ကို “တိမ်တွေပေါ်ကပန်း” လို့ အမည်ပေးထားပြီး ဒီကနေ့ နံနက်ပိုင်းမှာတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်နဲ့တွဲမယ့် မင်းသား Ryu Sang Wook က တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီးမင်းသား တစ်လက်ဖြစ်ပြီး အသက်(၃၄)နှစ်အရွယ်ရှိသူ ဖြစ်ပါတယ်။ Ryu Sang Wook က ရုပ်ရှင်ဇာတ်ကားတွေနဲ့ TV series ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးခဲ့သူဖြစ်ပြီး မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂန္တဝင်အချစ်နဲ့ တော်ဝင်စည်တော် (ဂျာမြောင်မင်းသမီး) ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူရအောင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေ လုပ်ကိုင်နေဆဲ ဖြစ်လို့ ဝတ်မှုံရွှေရည်ကို ချစ်တဲ့ ပရိသတ်တွေကတော့ တော်တော်လေး ဝမ်းသာနေကြမယ် ထင်ပါတယ်။ ဒီ”တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြဖို့ မမေ့ပါနဲ့နော်။ မိုမိုလေး

Facebook Comments