Myanmar Idol ကနေတစ်ဆင့်ဂီတလမ်းပေါ်ကို စတင်ရောက်ရှိလာပြီး ပရိသတ်တွေရဲ့ အားပေးချင်းကို အထူးခံထားရတဲ့ ဖြိုးမြတ်အောင်ကတော့ အခုရာသီဥတုအပြောင်းလဲမှာဖြစ်သွားတဲ့သူရဲ့ကျန်းမာရေး အခြေအနေကို  နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတာရှိပါတယ် ။ သူပြောပြသွားတဲ့သူကျန်းမာရေးအခြေအနေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ခင်ဗျာ ။

ဖြိုးမြတ်အောင်ကကျန်းမာရေးအခြေအနေနဲ့ပရိသတ်တွေပြုစုပေးရင် ဘယ်လိုနေမလဲဆိုတဲ့မေးခွန်းတွေကို ” ကျန်းမာရေးအခြေအနေကတော့ သိတဲ့အတိုင်းပဲ မိုးလေးရွာပြီးရာသီဥတုအပြောင်းအလဲဖြစ်လာရင် နှာကစေးလာရော ၊ ကလေးများလိုပဲ နှပ်တရွှဲရွှဲကျတာပေါ့ ။

သူတို့ဂရုစိုက်ပေးတော့ပိုကောင်းတာပေါ့ ၊ (လျှာထုတ်ပြီး )မလုပ်နဲ့မလုပ်နဲ့ သူတို့ဂရုစိုက်တာပိုဆိုးနေဦးမယ် ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ ဆိုပြီး ကိုယ့်မှာနေရင်းထိုင်ရင်း ဒုက္ခတွေပိုရောက်နေဦးမယ် ။သူကဂရုအရမ်းစိုက်တာ ၊ ကိုယ်က တစ်ခါတလေကျရင်ခပ်တေတေနေတာ အရင်ကတည်းကပေတယ်။

အခုမှသူတို့နဲ့တွေ့ကာမှကိုယ်လည်းဂရုစိုက်နေရတယ် ။ သူတို့ကတော့ချစ်တာကိုး သူတို့ချစ်တဲ့သူတစ်ယောက် တစ်ခုခုဖြစ်မှာကိုစိုးရိမ်တဲ့စိတ်နဲ့ ။ သူတို့နေရာမှာကိုယ်ခံစားကြည့်ရင်လည်း ကိုယ်အရမ်းချစ်တဲ့သူတစ်ယောက်ကို တစ်ခုခုဖြစ်မှာစိုးရိမ်ကြမှာပဲ မှန်ပါတယ် ။ ကိုယ်လည်းကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ် ။ ကျန်းမာရေးကတော့ထွေထွေထူးထူးမရှိပါဘူး ။ မိုးဦးကျ မိုးအုံလာတယ် ဆိုရင်တော့အဲ့ဒီလိုနှာရည်တွေကျတာပေါ့ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Facebook Comments