ဇေရဲထက်ဟာ မီတာခ တိုးပြီး ကောက်ခံလာတဲ့ အပေါ် လူမှုကွန်ယက်စာမျက်နှာမှာ ရင်ဖွင့်ဖြစ်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ ဝင်ငွေနည်းတဲ့ ပရိသတ်တွေအတွက်ကိုလည်း ကိုယ်ချင်းစာတယ်လို့ ဆိုပါတယ်။သရုပ်ဆောင် ဇေရဲထက်ဟာ သောင်းဂဏန်းသာ ရှိခဲ့တဲ့ သူ့အိမ်က မီတာခဟာ ရုတ်တရက် ၁ သိန်းကျော် အနေအထားကို ရောက်ရှိလာတဲ့အတွက် အံ့သြမဆုံးဖြစ်ခဲ့ရပါတယ်တဲ့။ ဒါကြောင့်လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ဖြစ်တဲ့အကြောင်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ နည်းနည်း စိတ်ဆိုးသွားတာက အရမ်းကို surprise ဖြစ်သွားတာပေါ့နော်။ ပုံမှန်သုံးလာတာ အလွန်ဆုံးကျမှ ၅ သောင်း၊ အခုကျမှ တစ်သိန်းရှစ်သောင်းကျော်ဆိုတော့ ကျွန်တော့်ကိုယ် ကျွန်တော့်အတွက်မဟုတ်ဘူး။ အရင်တုန်းကဆိုရင် ဖယောင်းတိုင်တွေထက် မီတာခ ပိုပြီးတော့ သက်သာတယ်၊ မီးအလင်းရှိရင် တော်ရုံတန်ရုံ သူခိုး၊ ဓားပြကလည်း ကြောက်စရာမလိုဘူး။ ဒီအချက်ကြောင့် အကုန်လုံး သုံးစွဲကြတယ်။ အဆမတန်ကောက်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အလုပ်တွေရှားပါးနေတာ စီးပွားရေးကျပ်တည်းနေတဲ့ အချိန်တစ်ခုမှာ ပြည်သူလူထုတွေက သူတို့ရှာသမျှ ဒီ မီတာခအတွက် သုံးလိုက်ရမှာပေါ့။ ဒါလေးကို စိုးရိမ်တာပါ’’ လို့ JOY YOUNG Grand Opening ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။


ဇေရဲထက်ဟာ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ကို အားပေးတဲ့ ပရိသတ်တွေ အတွက်ကိုလည်း စိုးရိမ်တယ်လို့ဆိုပါတယ်။ သာမန်လူတန်းစားတွေရဲ့ အလုပ်အကိုင်နဲ့ မီတာခ ကို ပြန်လည် စဉ်းစားစေချင်တယ်လို့ ပြောပါတယ်။‘’ ဖြစ်စေချင်တာကတော့ ကျွန်တော် သာမန်လူတစ်ယောက်အနေနဲ့ မီတာခကို ပုံမှန်ပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေပေါ် မူတည်ပြီးတော့ အရမ်းကြီးတိုးကောက်စရာမလိုပဲနဲ့ ပုံမှန်လေး လုပ်ပေးပါ။

စီးပွားရေးတွေ တိုးလာပြီး အလုပ်အကိုင်တွေ အများကြီးပေါ်ပေါက်လာမှ ကြိုက်သလောက်ကောက်ပါ။ အခုဟာက ဝင်တာက တစ်သောင်း၊ ပြန်ပေးရတာက ၂ သောင်းလောက်ဆိုတော့ ပိုပြီးတော့ ခက်ခဲတာပေါ့’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင် မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်။ အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

Facebook Comments