Cover song တွေကို အလန်းစားရိုက်ကူးပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရယူထားနိုင်တဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ သူကြိုက်နှစ်သက်ရတဲ့ အဆိုတော်ကြီး Enrique Iglesias ရဲ့သီချင်းတွေကို အမိုက်စားပြန်လည်သီဆိုလေ့ရှိသူတစ်ဦးပါ။ စီးပွားရေးလုပ်ငန်းတွေများစွာကို ဦးဆောင်လုပ်ကိုင်နေရတဲ့ နေရွှေသွေးအောင်ကတော့ အနုပညာလုပ်ငန်းတွေကို ဇောက်ချမလုပ်ကိုင်နိုင်သေးပေမယ့် Cover Song တွေကိုတော့ အချိန်ပေးလုပ်ကိုင်တာကို တွေ့ရပါတယ်။


မနေ့ကတော့ နေရွှေသွေးအောင်က နေတိုးနဲ့ နေခြည်ဦးတို့ အတူတူ ရိုက်ကူးနေတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရိုက်ကွင်းကို သွားလည်ရင်း နေတိုး နေခြည်ဦးတို့နဲ့အတူတူ ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။


နေရွှေသွေးအောင်နဲ့ နေခြည်ဦးကတော့ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ချိန်မှာ မစိမ်းပဲ ရင်းနှီးနေကြတာ ဖြစ်ပါတယ်။


နေရွှေသွေးအောင်က “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် နေတိုး၊ နေခြည်ဦးတို့နဲ့ အတူတူ သရုပ်ဆောင်ပေးထားတာကိုလည်း တွေ့ရပါတယ်။


နေရွှေသွေးအောင်ကတော့ သူ့ရဲ့ အနုပညာမောင်နှမတွေကို ရိုက်ကွင်းပေါ်ထိ သွားရောက်အားပေးနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Facebook Comments