အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်းခဏခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။ ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဘ၀အကြောင်းကိုလည်း ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်ပါတယ်။ ပရိတ်သတ်အခိုင်အမာရရှိထားပြီး သူမသီချင်းတော်တော်များများကို ခလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။သူမလူမှုကွန်ရက်စာမျက်နှာကနေ သူမအလှူများကိုမကြာခဏ ဖော်ပြလေ့ရှိပြီး သူမအလှူဒါနများကို မျှဝေလေ့ရှိပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်ကြီးအားဝေမျှပေးလေ့ရှိပါတယ်။

သူမရဲ့ အိမ်ဆောက်တဲ့သိန်းငါးထောင်ကိုဘယ်လိုရှာလဲ ဆိုတာနဲ့ပတ်သတ်ပြီး ပြောနေကြတာကို ” ပိုပိုကတော့အာ့လိုပြောရင်ရီချင်တယ်။ဘာမှလည်းမဖြစ်ပါဘူး။ခံလည်းမခံစားဘူး။ ပိုပိုကတော့ရိုးရိုးသားသား ကိုယ်ပိုက်ဆံကိုယ်ရှာပြီး ကိုယ်လုပ်တာလေ။ပိုပိုကိုယ်တိုင်ရိုးသားပြီး ကိုယ်တိုင်ရိုးရိုးသားသားရှာဖွေတယ်ဆိုတာလူတိုင်းသိတယ်။ ပြီးတော့ ပိုပိုက ၂၀၁၄ ခုနှစ်ကစပြီး အောင်မြင်လာတဲ့ အဆိုတော်ပါ။ အခု၂၀၁၉ ဖြစ်နေပါပြီ။ ငါးနှစ်တာရှာထားတဲ့ ပိုက်ဆံတွေနဲ့ စုတာပေါ့နော်။ တကယ်လို့သာ ဖြတ်လမ်းနည်းနဲ့ရှာတဲ့ပိုက်ဆံတွေနဲ့ဆိုလို့ရှိရင် တစ်နှစ်အတွင်းအရမ်းချမ်းသာသွားမှာ။ ပိုပိုက အာ့လိုဖြတ်လမ်းနည်းတွေတော့မလုပ်ဘူး။ဝါသနာလည်းမပါဘူး။သီချင်းပဲလုပ်ချင်တာ” လို့ ပြောပြခဲ့ပါတယ်။နှစ်နှစ်ခွဲလောက် ပိုက်ဆံစုမှ မြေကွက်လေးဝယ်နိုင်ခဲ့တာဖြစ်ပြီး နောက်ထပ်သုံးနှစ်ကျော်ကျော်လေးမှအိမ်စဆောက်ဖို့လုပ်တာလို့ ရှင်းပြခဲ့ပါတယ်။အနုပညာရှင်တွေက မိုးတွင်းမှာအလုပ်ပါးသွားပြီမို့ ဆန်ပြုတ်သောက်ရတော့မလားမသိဘူးလို့လည်းစနောက်ခဲ့ပါတယ်။ ပရိသတ်ကြီးရော ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားခဲ့တဲ့ပိုပို့ရဲ့အိမ်လေးဆောက်ပြီးတော့မှာမို့ ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Facebook Comments