နိုင်ငံကျော် မင်းသမီးလေး သင်ဇာဝင့်ကျော်က ညို့အားပြင်းပြီး စွဲဆောင်မှုရှိတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ စွဲဆောင်မှုရှိလွန်းတဲ့အလှကို ပုရိသတွေအကုန်လုံးက အရူးအမူး သဘောကျကြတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ အချိန်အတော်ကြာ အောင်မြင်စွာ ရပ်တည်နေပြီး အခုချိန်ထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတာ ဖြစ်ပါတယ်။

အမြဲတမ်းလိုလို ဆက်စီကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ သင်ဇာဝင့်ကျော်ကို ဒီတစ်ခေါက်မှာတော့ မြန်မာဝတ်စုံ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျက်သရေရှိနေတာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က ပြီးခဲ့တဲ့ သြဂုတ်လ (၃၀)ရက်နေ့က ကျင်းပတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ သံဃာတော် အပါး (၇၀) အား ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ကျက်သရေရှိရှိလှနေတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ အသက်အရွယ်တစ်ခုကိုရောက်လာတဲ့နောက်ပိုင်း ဘာသာရေးကိုလည်း အထူးလုပ်ဆောာင်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay

Facebook Comments