မိခင်ကို ရွှေဘီးလေး လက်ဆောင်ပေးခဲ့ပြီး သူမထံ ရတနာပစ္စည်းတစ်ချို့ လက်ဆောင်ပြန်ရခဲ့တဲ့ ဂွမ်းပုံ
ပရိသတ်တွေကြားမှာ ဟာသမင်းသမီးကြီးအဖြစ် နာမည်ကြီးတဲ့ အကယ်ဒမီ ဂွမ်းပုံဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း တစ်နေ့ထက်တစ်နေ့ ပိုပြီးအောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမက ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ယနေ့ထက်တိုင် ရုပ်ရှင်ကားတွေ ၊ ကြော်ငြာတွေ ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။ ဂွမ်းပုံဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ထူးထူးချွန်ချွန်နဲ့ ရရှိခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုတစ်ဆုကို လဲရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
သြဂုတ်လ အတွင်းကကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့အတွက် အမှတ်တရအနေနဲ့ မိခင်ဖြစ်သူကို ရွှေဘီးလေးနဲ့ ကန်တော့ခဲ့ကြောင်းကို “ ငွေရောင်ဆံပင်တွေကြားက.”ရွှေဘီးလေး”. နဲ့.သာယာဝေစည်နေတဲ့. “ဂွမ်းဂွမ်း”ရဲ့ မွေးနေ့. အမှတ်တရ.ကန်တော့လက်ဆောင်. .(ခိုးရိုက်ထားတာ .မေမေမတိဘူး. ခိခိခိ)” လို့ ဆိုကာ ပုံလေးနဲ့ အတူ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ယောက်ျားဖြစ်သူကလဲ မွေးနေ့လက်ဆောင်အဖြစ် လက်ဝတ်ရတနာ တွေ လက်ဆောင်ပေးခဲ့ကြောင်းကို လဲ “ချစ်ရဆုံးသူရဲ့. .Birthday Present. ???????” လို့ ဆိုကာ ပုံလေးတွေနဲ့အတူ ရေးသားဖော်ပြခဲ့တာဘဲ ဖြစ်ပါတယ်။
ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီကို ကျေးဇူးအထူး တင်ရှိပါတယ်။ မိုမိုလေး