လှံထမ်းလာတာကို မြင်ရတယ် ၊ ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အခုအချိန်အထိ မိဘတွေက ပြောတတ်ကြတဲ့ စကားရှိပါတယ်။ကလေးဆိုတာ သူ့ဇာတာနဲ့သူလာတာတဲ့လေ။

အခု (၇) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ သူဌေးလောင်းတွေ အသီးသီးပေါ်ပေါက်ခဲ့သလို ပြင်ဦးလွင်က သိန်း ၁၀၀၀ ကံထူးရှင်လေးတစ်ဦးလည်း ထွက်ပေါ်လာပါတယ်။ ဒီကလေးရဲ့ နာမည်က မောင်ကောင်းခန့်ဝင်းဖြစ်ပြီးတော့ (၇) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှာ သိန်း ၁၀၀၀ ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီ ထီလက်မှတ်ကိုတော့ပြင်ဦးလွင် မြန်မာ့မီးရထား( ပြင်ဦးလွင်) MICတိုက်တန်း ဒေါ်သန်းသန်းဝင်း ထီဆိုင်ကနေ ကံထူးခဲ့တာဖြစ်ပါတယ်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

 

Facebook Comments