သမီးဖြစ်သူ Tattooထိုးမယ်ဆိုရင်လည်း သူ့ရွေးချယ်မှုအတိုင်းပါပဲလို့ ဆိုလာတဲ့ ခင်လှိုင်

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဦးခင်လှိုင်ကတော့ လတ်တလောမှာ သမီးချောလေးကို ပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ ယောက္ခမကြီးလို့ ခေါ်ဆိုခြင်းကိုလည်းခံနေရတာလည်းဖြစ်ပါတယ်။ဦးခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ဟာဆိုရင်လည်း (၂၀၁၉)ခုနှစ် အကယ်ဒမီပေးပွဲကြီးမှာ ရွှေကြိုတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိမှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဦးခင်လှိုင်ကိုယ်တိုင်က Tattooထိုးရတာကို ဝါသနာပါတဲ့ သူပီပီ ခန္ဓာကိုယ်ပေါ်မှာ Tattooတွေကိုထိုးထားပြီး “ငယ်ငယ်ထဲက Tattooကိုထိုးချင်ခဲ့တာ။ ဒါပေမဲ့ အိမ်ကအဖေနဲ့အမေက လက်မခံတော့ မထိုးခဲ့ရဘူး။အိမ်ထောင်ကျပြီး ကလေးတွေဘာတွေရပြီးတော့မှ Tattooထိုးချင်တဲ့ဝါသနာက တရေးပြန်နိုးလာတယ်။စထိုးတုန်းကတော့ တွေကရာ အကုန်လျှောက်ထိုးတာပဲ။နောက်ပိုင်းကျတော့ မိသားစုရဲ့ အဓိပ္ပာယ်ရှိတဲ့ Dateလေးတွေ။ကိုယ်ကြိုက်တဲ့ပုံလေးတွေသေချာရေးပြီးထိုးဖြစ်လာတယ်လို့”ခန္ဓာကိုယ်ပေါ်က Tattooတွေနဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။

သမီးဖြစ်သူသဇင်ထူးမြင့်တစ်ယောက် Tattooထိုးမယ်ဆိုရင်လည်းဦးခင်လှိုင်ကခွင့်ပြုမှာလားဆိုတဲ့ အပေါ် “သူ့ဘဝနဲ့ဆိုင်တယ်။သူကဘာအလုပ်လုပ်မှာလဲ။ရုံးတစ်ရုံးမှာ အရေးပါအရာရောက်တဲ့ အကြီးအကဲလုပ်မှာလား။ဒါဆိုရင် သူလုပ်မဲ့အလုပ်နဲ့ ဒီ Tattooနဲ့ သင့်တော်လား။သမီးအပေါ်မှာ ဦးခင်လှိုင်က ထိုးပါလို့လည်းမပြောသလို မထိုးပါနဲ့လို့လည်းမတားဘူး။ဒါသူ့စိတ်နဲ့သူ ။သူတစ်ချိန်အိမ်ထောင်ကျလာလို့ သူ့အမျိုးသားက ကြည်ဖြူနိုင်မလား။ ဦးခင်လှိုင်အနေနဲ့ကတော့ တားဆီးပိတ်ပင်ထားတာမရှိပါဘူး”လို့ ပြောကြားလာတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးတွေကရော Tattooကို သဘောကျတဲ့ သူလား သဘောမကျတဲ့သူလား။

Facebook Comments