ဒီကနေ့ စက်တင်ဘာလ (၉) ရက်နေ့ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော နေတိုးရဲ့ အသက် (၃၈) နှစ်ပြည့် မွေးနေ့မင်္ဂလာလေးပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် သူ့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေကို Samsung ဖုန်းတွေကို မဲဖော်ပေးမယ်ဆိုပြီး အခုလိုပဲ သတင်းကောင်းလေး ပါးထားတာကို တွေ့ရပါတယ်။

“မင်္ဂလာပါခင်ဗျာ အရင်ဦးဆုံး ဒီနေ့ကျွန်တော့်မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်မွေးနေ့မှာ ချစ်ရတဲ့ပရိသတ်ကြီးအတွက် ခုကျွန်တော့်လက်ထဲမှာရောက်နေတဲ့ Samsung Galaxy Fit တစ်လုံး Samsung Galaxy Tab A8 2019 တစ်လုံး နဲ့ Samsung Galaxy Buds တစ်စုံကို မွေးနေ့အမှတ်တရ Giveaway Lucky Draw လေး လုပ်ပေးချင်ပါတယ်။ ခု Giveaway မှာ ပါဝင်ကံစမ်းချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့မေးခွန်းလေးတွေကို မှန်အောင်ဖြေပေးရပါမယ်ဗျ”

“1. Samsung ရဲ့ Brand Ambassador အဖြစ် ဘယ်နှစ်ခုနှစ်က စတင်ပြီးဆောင်ရွက်ခဲ့တာပါလဲ။2. Samsung Family Diary စီးရီးရဲ့ Episode နှစ်ခုမှာပါဝင်ပြီး သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဘယ် Episode တွေမှာပါလဲ။3. Samsung ရဲ့ Brand Ambassador မဖြစ်ခင်တုန်းက Samsung ဖုန်းမော်ဒယ်တစ်မျိုးအတွက် တီဗီကြော်ငြာရိုက်ပေးခဲ့ဖူးပါတယ်။ ဘာဖုန်းမော်ဒယ်ပါလဲ။”

“ဒီတစ်ပတ် သောကြာနေ့နောက်ဆုံးထားပြီး အဖြေအားလုံးကို မှန်ကန်အောင်ဖြေဆိုနိုင်သူတွေထဲက ကံထူးရှင် ၃ ယောက်ကို ရွေးချယ်ပြီး ကံထူးရှင်တွေရဲ့ နာမည်တွေကို ပို့စ်အောက်မှာ comment ထဲထည့်ရေးပီး ကြေညာပေးပါမယ်။ ချစ်ခြင်းများစွာဖြင့် ထာဝရ နေတိုး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာ ဖြစ်ပါတယ်။

နေတိုးကတော့ သူ့ရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့ ပရိသတ်တွေကို ဖုန်းတွေ မဲဖောက်ပေးမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေးခွန်းလေးတွေဖြေပြီး နေတိုးရဲ့ Original ပိုစ့်အောက်မှာ ကောမန့်လေးတွေ သွားပေးလိုက်ကြဦးနော်။

Facebook Comments