အသက်၂၃ နှစ်ပြည့်မွေးနေ့မှာ မိဘကို ပိုက်ဆံပုံကြီးနှစ်ပုံ နဲ့ ကန်တော့ ခဲ့တဲ့ ပိုင်တံခွန် ရဲ့ Video File

Last modified date

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ ပိုင်တံခွန်က မော်ဒယ်လ် အလုပ်အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန် ရဲ့မွေးနေ့ မှာ မိဘတွေကို များပြားလှတဲ့ ပိုက်ဆံများနဲ့ ကန်တော့ခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ပိုင်တံခွန် က ခုနောက်ပိုင်းမှာ ပိုအောင်မြင်လာပြီး မြန်မာနိုင်ငံမှာသာမက ထိုင်နိုင်ငံမှာပါ ကြော်ငြာများ လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ပိုင်တံခွန်းနဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် တို့သရုပ်ဆောင် ရိုက်ကူးထားတဲ့ ” သူဘယ်သူလဲ” ဇာတ်လမ်းတွဲ ကလည်း မကြာခင်မှာ ကြည့်ခွင့်ရတော့မှာပါ။


ဒီနေ့လေးကတော့ ပိုင်တံခွန် ရဲ့ အသက် ၂၃ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့အတွက် ထိုင်းပရိသတ်များက လည်း အလှူလုပ်ပေးကြသလို မြန်မာ ပရိသတ်များကလည်း မွေးနေ့အလှူလုပ်ပေးခဲ့ကြပါတယ်။


ဒီတစ်ခါမှာတော့ ပိုင်တံခွန် က သူ့ရဲ့ မွေးနေ့လေးကို မိဘဆွေမျိုးများ၊ သူငယ်ချင်းများနဲ့ ဆင်နွှဲ့ခဲ့ပြီး မိဘနှစ်ပါးကို ပိုက်ဆံပုံကြီးနှစ်ပုံနဲ့ ကန်တော့ခဲ့တာပါ။သားလိမ္မာလေး ပြည်သူ့အချစ်တော် ပိုင်တံခွန် အတွက် မိခင်ဖြစ်သူက ဒီ့ထက်အဆပေါင်းများစွာ အောင်မြင်ပြီး အကယ်ဒမီဆုတွေရတဲ့ မင်းသားကြီးဖြစ်ဖို့ ဆုပေးခဲ့ပါတယ်။


ပိုင်တံခွန် ရဲ့ မွေးနေ့ပွဲ ဖြတ်သန်းတဲ့ video file လေးကို ဖော်ပြပေးလိုက်တယ်နော်။

အသက်၂၃ နှစ်ပြည့်မွေးနေ့မှာ မိဘကို ပိုက်ဆံပုံကြီးနှစ်ပုံ နဲ့ ကန်တော့ ခဲ့တဲ့ ပိုင်တံခွန် ရဲ့ Video File


မွေးနေ့မှာ မိဘနှစ်ပါးကို ပိုက်ဆံပုံကြီးနှစ်ပုံ နဲ့ ကန်တော့ ခဲ့တဲ့ ပိုင်တံခွန် ရဲ့ Video File ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ မိုမိုလေး

Facebook Comments

Burmese Online News