သဘာဝမင်းသားလို့ ပရိသတ်တွေတင်စားပြောနေကြပြီးတော့ အားပေးမှုတွေကိုတစ်ခဲနက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောမြင့်မြတ်ပဲဖြစ်ပါတယ်နော်။ စေတနာပါတဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်မှုတွေကြောင့် သူမတူအောင်အောင်မှုတွေကိုရရှိထားပြီး အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်မတန်ရရှိပိုင်ဆိုင်ထားရပါတယ်နော်။

မြင့်မြတ်ဟာ အခုအချိန်မှာဆိုရင် ချစ်ရတဲ့ဇနီးလေးရယ် သားလေးရယ်နဲ့ အရမ်းကိုတည်ငြိမ်အေးချမ်းပြီးတော့ သာယာလှပတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားခဲ့ရပါပြီနော်။ ချစ်စရာကောင်းတဲ့ သားလေးဂျူနီယာ မြင့်မြတ်ကိုလည်း ပိုင်ဆိုင်ခွင့်ရထားတဲ့အတွက် ဖခင်ကောင်တစ်ယောက်ပီပီ ကလေးရဲ့ရှေ့ရေးတွက်အလုပ်တွေကိုလည်း ပိုပြီးတော့ကြိုးစားလုပ်လာတာကိုတွေ့ရပါတယ်နော်။ ဖြူဖြူဖွေးဖွေးချစ်စရာသားလေးဟာလည်း ဖေဖေရဲ့ပင်ပန်းမှုတွေကိုဖြေဖျောက်ပေးနိုင်မယ့်အားဆေးတစ်ခွက်လည်းဖြစ်နေခဲ့ရပါတယ်နော်။

ဒါကြောင့် ဖေဖေမြင့်မြတ်ဟာ သူ့ရဲ့ရှုတင်ပြီးတာနဲ့ ချစ်ရတဲ့ သားလေးနဲ့ ဇနီးသည်လေးဆီအပြေးသွားကာ Dinnerအတူတူစားရင်ပျော်ခဲ့ရပါတယ်နော်။ မိသားစုအပေါ်အချိန်ပေးပြီး အိမ်ထောင်ဦးစီးတစ်ယောက်ပီသလှတဲ့ မြင့်မြတ်ကြောင့်လည်း သူ့ရဲ့ ပရိသတ်တွေက ဂုဏ်ယူမဆုံးဖြစ်ကာ အချစ်တွေပိုနေခဲ့ရတဲ့အပြင် မိသားစုကိုတန်ဖိုးထားတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်လေးကြောင့် လေးလည်းလေးစားကြပါတယ်နော်။ ကဲ… အခုတော့ ချစ်ဇနီးလေးရယ် သားလေးရယ်နဲ့အတူ တစ်နေ့တာပင်ပန်းမှုတွေမေ့ကာ အတူတူDinnerစားနေကြတဲ့ မြင့်မြတ်တို့ရဲ့ ကြည်နူးဖွယ်ရာမိသားစုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ..။

Source:Myat Wai Tun

Facebook Comments