သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်

Last modified date

သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မဖြင့် ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီအမှုဖွင့်ထားကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်တွင် စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၅ နာရီခွဲခန့်က သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ်သည် ဟင်္ဂလန်သံပြားချောင်းနှင့် ကတ်ကြေးတို့ကို ကိုင်ဆောင်ပြီး သောင်းကျန်းနေသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထိန်းသိမ်းစဉ် အုပ်ချုပ်ရေးမှူးကို ဟင်္ဂလန်သံပြားချောင်းဖြင့် ပြန်လည်ရိုက်နှက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သိရသည်။

“ပုံမှန်အနေအထားနဲ့ဆိုရင်တော့ လူတစ်ယောက်အနေနဲ့ ဒီလိုလုပ်မှာမဟုတ်ဘူး။ ဆေးကြောင်နေတာလား ဘာလားဆိုတာ ဆေးစာအဖြေထွက်လာမှပဲ သိနိုင်မယ်။ အခုလောလောဆယ်တော့ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

Related image

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ ဆယ်သိန်းရပ်ကွက်နေသူ)ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Image result for လင်းလက်ဟိန်း

အဆိုပါပုဒ်မ-၃၀၇ ဆိုသည်မှာ ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော်(သို့)လူသတ်မှုမြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့်လည်းကောင်း၊ ထိုကဲ့သို့သော (ပြုလုပ်မှုတခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့်) ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း၊ မည်သူမဆို၊ ပြုလုပ်မှုတစ်ခုခုကိုပြုလျှင်၊ ထိုသူကို (၁၀)နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့ပြင် ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်သောသူအား နာကျင်စေလျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ အထက်ကဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

Credit-အကုန်သိ

Facebook Comments

Burmese Online News