ဝေဠုကျော်ဘက်မှ ကန့်ကွက်ထားတဲ့ သက်သေများအား တရားရုံးမှ ခွင့်ပြု
ပြီးခဲ့တဲ့အပတ် ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်ဘက်မှ လျှောက်လွှဲချက်တင် ကန့်ကွက်ခဲ့တဲ့ သင်းသင်းဘက်မှ သက်သေများကို တရားရုံးမှ ယနေ့၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ခွင့်ပြုကြောင်း အမိန့် ချမှတ်ခဲ့ပါတယ်။
တရားလိုဖြစ်သူ သင်းသင်းဘက်မှ တရားရုံးသို့ သက်သေအဖြစ် တင်သွင်းထားသော သက်သေခံ အသံဖိုင်များကို ဝေဠုကျော်ဘက်မှ စက်တင်ဘာလ ၅ ရက်နေ့ ရုံးချိန်းမှာ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
နောက်တကြိမ် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၂၇ ရက်နေ့ကို ချိန်းဆိုခဲ့ပြီး သက်သေခံ အသံဖိုင်များကို ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
Credit-ဧရာဝတီ
Facebook Comments