မင်းသွေး သေဆုံးပြီးနောက် လူပြန်ဝင်စားတယ်လို့ လူမှုကွန်ယက်တွင် နာမည်ကြီးနေ

Last modified date

မင်းသွေး “‘ယောက်ျား ညက အိပ်မက် ထူးခြားတယ်သိလား ‘ ဘာတွေမက်လို့လဲ နန်း .. ထီဂဏန်းလား ….? “ဟုတ်ပါဘူး ဆုံးသွားတဲ့ ဟိုမင်းသား မင်းသွေးလေ သူ့ကိုမက်တာ … အိပ်မက်ထဲ သူနဲ့တွေ့ပြီး စကားပြောရတယ်”“ဘာတွေပြော” သူ ကျမရှေ့မှာ လာထိုင်နေတယ် မျက်နှာလဲ မသာမယာနဲ့ ဟဲ့ … “နင် မင်းသွေးမဟုတ်လား …လို့ မေးလိုက်တယ် ဟုတ်တယ်အမတဲ့ … ဟင် နင်က သေပြီးပြိလေ ဘာလို့ ဒီမှာလာထိုင်နေတာလဲ..?“ကျနော် အမတို့နဲ့ လာနေချင်လို့ပါ” …“ဟဲ့ နင်က သေပြီးပြိ ငါတို့နဲ့ ဘယ်လိုနေလို့ဖြစ်မလဲ” ကျမအဲလိုပြန်ပြောပြီး အိပ်မက်က ဟိုရောက်ဒီရောက်ဖြစ်သွားတယ် ။

Image may contain: 3 people, people sitting and people standing

“နန်းရယ် နင် ဖေ့ဘုက်တွေဖတ်ပြီး သူ့ကိုစိတ်စွဲလို့ ဖြစ်ပါလိမ့်မယ်” …“သူဆုံးတာ နှစ်လကျော်နေပြီလေ သူ့သတင်းတွေလဲဖေ့ဘုက်မှာ မတက်လာတော့ပါဘူး ကျမလဲ သူ့သတင်းတွေ မေ့မေ့ပျောက်ပျောက်ဖြစ်နေပါပြီစိတ်စွဲလမ်းတာတော့ မဖြစ်ဘူး ယောက်ျားရဲ့” ..“ဒါဆိုလဲ နန်း ဘုရားရှိခိုးပြီး သူ့ကိုအမျှဝေပေးလိုက်ပေါ့ပြိးရင် နင် ငါတို့ဆီ တကယ်လာနေချင်တယ်ဆိုရင် သုံးခါတိတိ အိပ်မက်ပေးပါလို့ ပြောထားလိုက် .. ပြီးရင် စောင့်ကြည့်ကြတာပေါ့” …. ။အဲဒီညမှာပါပဲ မနေ့က ပုံစံအတိုင်း တထေရာတည်း ပုံစံတူ အိပ်မက်မျိုး ပြန်မက်လာတယ် … မနက်မိုးလင်း ယောက်ျားကို ပြောပြတော့ နင်လာမယ်ဆိုရင် အမှတ်အသားတခုခု လုပ်လာလို့ ပြောထားလိုက်လို့ ယောက်ျားဖြစ်သူ အကြံပေးလိုက်သည် .

Image may contain: 5 people, people sitting, people eating and indoor

မောင်နှမ သုံးယောက် မိသားစု နှစ်စု စက်ရုံအလုပ်ရုံနဲ့ နီးတဲ့ ဆိပ်ငြိမ်ရပ်ကွက်လေးတခုက လုံးချင်းအိမ်လေးတလုံးမှာ စုပေါင်းငှါးနေကြသည် အိမ်ထောင်သည်တွေလဲဖြစ် မောင်နှမများလဲ ဖြစ်ကြတော့သင့်သင့်မြတ်မြတ်ရှိကြသည် အသောက်အစားမရှိကြအားလုံး အလုပ်ကပြန်ရောက် ညစာစားပြိး လူတိုင်းဘုရားကန်တော့ပြီးမှ အိပ်ရာဝင်ကြသည် အိမ်ဦးခမ်းမှာ ဘုရားခန်းကိုလဲ သိးသိးသန့်သန့် သပ်သပ်ရပ်ရပ် ပူဇော်ထားသည် ။ မနက်လင်းတော့ ယောက်ျားဖြစ်သူ စမေးလာသည် ညက “ထူးခြားသေးလားနန်း” …. “ထူးခြားတယ် ယောက်ျား အရင်ကညတွေက ပုံစံအတိုင်းပဲ ယောက်ျားပြောသလို သူပြောသွားတယ်”

Image may contain: one or more people, shoes, closeup and indoor

အမ ကျနော်လာမယ်နော် …ကျနော့် ဘယ်ဘက် ခြေတောက်မှာ အမှတ်အသားပေးထားပြိးပြီ … အင်းလေ ဒါဆိုလဲ လာပေါ့ လို့ ပြောပြိး ပျောက်သွားတယ် …. “သတ္တ၀ါတခု ကံတခုပေါ့ နန်းရယ် သူလာချင်နေတာ တို့ တားလို့ရတာလဲ မဟုတ် တို့နဲ့ ကံစပ်ရင် သူရောက်လာချင် ရောက်လာမှာပေါ့” … နန်းတို့ အိမ်ထောင်ကျပြီး ၇ လအကြာမှာ အထက်ပါ အဖြစ်အပျက်များ ဖြစ်လာခဲ့သည် နန်းနဲ့ မင်းသွေး နေတိုး တို့ဆိုတဲ့ နိုင်ကျော်မင်းသားတွေနဲ့ဘယ်လိုမှ မပတ်သက်ခဲ့ဘူး နန်းက သာမန် ဆင်းရဲသူ အများနည်းတူ မလေးရှားသွား အလုပ်လုပ်ရင်း သူနဲ့ အကြောင်းပါလို့ နောက်တခေါက် မလေးရှားပြန်ပြီ သူနဲ့ အိမ်ထောင်ပြုဖြစ်တယ် သူ့နာမည်က ကိုအောင်ကျော်ဇော ကိုအောင်နဲ့ အကြောင်းပါပြီး သူ့အလုပ်မှာပဲ လိုက်နေရင်း လင်းမယားနှစ်ယောက်လုံး သူတို့အလုပ်မှာပဲ အတူလုပ်ကြတာ

တရက် နန်းနေမကောင်းလို့ ဆေးခန်းသွားပြတော့ နန်းမှာ တလသား ကိုယ်ဝန်လွယ်ထားရပြီဆိုတာ သိခဲ့ရတယ် ဒီလို အိပ်မက်တွေ မက်ရလောက်အောင် မင်းသွေး တို့နဲ့ နန်းတို့ ဘာဆိုဘာမှ မပတ်သက်ခဲ့ဘူး စကားလဲမပြောဘူး တယောက်ကို တယောက်လဲ မတွေ့ခဲ့ဖူးဘူး/ တခုတော့ရှိတယ် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇလပ်ပြင်ရွာ ငယ်လေးမှာ အတူတူ လူဖြစ်ခဲ့ကြတာပဲ ရှိတာ အိပ်မက်က သုံးခါတိတိမက်ရုံနဲ့ မပြီးသေးဘူးနောက်တရက်ဆက်မက်ခဲ့သေးတယ် အိပ်မက်ထဲ ရွာမှာ လျောက်သွားနေတုန်း အဒေါ်ကြီးအရွယ် အမျိုးသမိးကြီးတယောက်နဲ့ လမ်းမှာဆုံးကြရင်း …. “ဟဲ့ သမီး ဒီနေ့ မင်းသွေး တလပြည့် ဆွမ်းတရားနာတာ ညဉ်းမသွားဘူးလား” …

Image may contain: 2 people, people smiling, people sitting and baby

“ကျမ ဘာလို့သွားရမှာလဲ ကျမနဲ့လဲ မပတ်သက်ဘူး ကျမကိုလဲ မဖိတ်ပါဘူး”လို့ ပြန်ပြောလိုက်တော့ အဲလိုဘယ်ဟုတ်မလဲ တရွာတည်းသားဆိုတာ ဖိတ်ဖိတ် မဖိတ်ဖိတ် သွားရတယ် ဆိုမှ … အော် … ဟုတ် ကျမ သွားလိုက်ပါ့မယ် အန်တီ လို့ပြောပြီး မင်းသွေးတို့အိမ်ရောက်သွားတယ် ကျမရောက်သွားချိန်မှာ အမျှဝေနေပြီ ကျမလဲ နောက်နားဝင်ထိုင်ရင်း သာဓုခေါ်ပြီးပြန်ခဲ့တယ် ။။

ပရိတ်တရားနာပြီး မင်းသွေးဝင်စားတယ်လို့ ထင်ရတဲ့ ကလေးအမေကိုယ်တိုင်က ဒီကလေးလေးရဲ့ ကိုယ်ဝန်လွယ်ထားချိန်က ထူးခြားတဲ့ အိပ်မက်အကြောင်းတွေကို ကိုယ်တိုင်ပြောပြလာလို့ အလျင်းသင့်သလို ပြန်လည် စာစီလိုက်မိသည် “ဒါနဲ့ သမိး သူအမှတ်အသားပေးခဲ့တယ် ဆိုတာကရော” “တင်ပါ သူ့ဘယ်ဘက်ခြေတောက် ပေါင်လည်မှာဘုရား မွေးခါစကတော့ အတော်ထင်ထင်ရှားပါဘုရား အခု ငါးလသားမှာ နည်းနည်း အရောင် မိန်လာနေတယ်ဘုရား” တဲ့ ဒါနဲ့ ကလေးမောင်လေးကို လှန်ကြည့်မိတော့

Image may contain: 3 people, people sitting, child, table and indoor

အမှတ် မဲမဲရောင်လေးကို တွေ့ခဲ့ရသည် ကံ ကံရဲ့ အကြိုးတရားကို ယုံကြည့်ကြတဲ့ဗုဒ္ဒဘာသာဝင်တွေ အတွက် လူဝင်စားကိစ္စဆိုတာ အဆန်းတကြယ်တော့မဟုတ် သံသရာဆိုတာနဲ့ တွဲဖက်ပြီး လူဝင်စား ဆိုတာ ယုံကြည့်လက်ခံပြီးသား တခုပဲ တကယ်မင်းသွေး ဟုတ်မဟုတ်ဆိုတာတော့ ဒီကလေးလေး စကားပြောတတ်ခါစအရွယ်မှာ စောင့်ကြည့်ပြီး သူ့ဘ၀နောက်ကြောင်းတွေ တစွန်းတစ ပြန်ပြောပြလာနိုင်တယ်ဆိုရင် …..

အရှင်နာရဒ Malaysia

Image may contain: 4 people, people sitting, people standing, kitchen and indoor

ဖြည့်စွက်ချက်

ကလေးမိဘများ နှင့် မလေးရှားမှာ ရင်းနှီးကျွမ်းဝင်တာကြာပေမယ့် အိမ်ထောင်ကျပြိးကတည်းက မတွေ့တာကြာလို့ သူတို့နေတဲ့ အိမ်ထဲ အလည် သွားတွေ့မိတယ် သားလေးတယောက် ဖွါးမြင် ကြောင်း ကိုယ်ဝန်လွယ်ပြီး တလ လောက်မှာ ယခုလို အိပ်မက်တွေပေးကြောင်း ပြောပြလာတယ် ဦးဇင်းရောက်သခိုက် ပတ်ဝန်ကျင်က မြန်မာများလဲ သံဃာကြွလာတယ်ဆိုတော့ တရားနာလိုကြောင်း တောင်းဆိုလို့ သီလပေး တရားပေး တရားဆွေးနွေး ပေးရတာ အချိန် ၂ နာရီကျော်ကြာသွားခဲ့တယ် စေ့စေ့စပ်စပ် ကလေးနဲ့ ပတ်သက်ပြိး မပေးမြန်မိခဲ့ မင်းသွေးဆိုတာ ဆုံးပါးသွားမှ မင်းသာ နေတိုးညီ သူလဲ ရုပ်ရှင်မင်းသားဆိုတာ သိခဲ့တာ သူဆုံးတဲ့ ရက်နေ့လတွေ အမှတ်တမဲ့သာ ဒီပိုစ့်ကို ရေးမိလိုက်တော့ ထောက်ပြဝေဘန် လာတာတွေ တွေ့မှ ဟုတ်သားပဲလို့ သတိထားမိလိုက်တယ် ..

အဘိဓမ္မာသဘောတရားအရ သဘာဝနိယာမအရ ရက်နဲ့ တွက်ကြည့်ရင် မဖြစ်နိုင်တာတွေ့ရလို့ ကလေးမိဘများကို ကလေးအသက်ကို ပြန်လည်မေးကြည့်မိမှ ရက်လ တွေ သိပ်ကွာဟတာ မတွေ့ရ ဖြစ်မယ်ဆိုလဲ ဖြစ်နိုင်ခြေရှိသလို ဖြစ်ကောင်းမှလဲ ဖြစ်ပါလိမ့်မယ် … ကလေးမိဘများဘက်က တကယ့်ကို ရိုးရိုးသားသား ဘာရည်ရွယ်ချက်မှမရှိ ထူးခြားလို့ ဦးဇင်းကို တိုင်ပင်ပြောပြရုံသက်သက်သာ ဦးဇင်းဘက်ကလဲ မင်းသွေးတို့ အမျိုးအဆွေတွေ အနေဲ့ သူ လူပြန်ဖြစ်နိုင်တယ်ဆိုတာ ကောင်းသတင်းမို့ ရိုးရိုးသားသား ရေလိုက်မိခြင်းသာဖြစ်၏ ကွန်မန့်မှာ ဆဲဆူခြင်း မတရားစွပ်စွဲခြင်းများက ကလေးမိဘများအတွက် နစ်နာစေတဲ့အတွက် ပြောစရာရှိရင် ဦးဇင်းဆီသာ တိုက်ရိုက် ဆက်သွယ် ဆဲလိုကဆဲ ပြောလိုကပြောနိုင်ကြောင်းအသိပေးအပ်ပါသည်

Credit-အရှင်နာရဒ ၀၁၈ ၆၆၉၉ ၃၁၅

Facebook Comments

Burmese Online News