စက်တင်ဘာ (၁၉) ရက်နေ့က ခင်ပွန်းဖြစ်သူကို ကားတစ်စီးပေးပြီး တရားဝင်ကွာရှင်းခဲ့တဲ့ မျိုးစန္ဒီကျော်

Last modified date

ပရိသတ်တွေ မျက်စိရှေ့ကနေ ကာလအတော်ကြာပျောက်နေခဲ့ပြီး လတ်တလောမှာ Photo Shooting တွေ ပွဲတက်တွေနဲ့ အနုပညာလှုပ်ရှားမှု ခပ်စိပ်စိပ် ပြန်လုပ်လာတဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော် ဟာ သူကွာရှင်းခဲ့တုန်းက အကြောင်းတွေကို Oasis Journal နဲ့ သီးသန့်တွေ့ဆုံခန်းမှာတော့ အခုလို ပြောပြခဲ့ပါတယ် ။

“သူကတစ်ချိန်လုံး အဖေ အဖေ ဆိုပြီးတော့ ပြောနေတဲ့ အတွက် ဖခင်တစ်ယောက်ရဲ့ တာဝန်သိအောင်လို့ ကလေးစရိတ်ရော ဘယ်လိုလုပ်မှာလဲ? ကလေးကိုရော ဘယ်လိုတာဝန်ယူမလဲ ဆိုတာမေးတော့ မပြောခဲ့တဲ့အပြင် သူကကွာရှင်းစာချုပ်မြှ လက်မှတ်ထိုးဖို့ ၊ လက်မှတ်ရဖို့ကို ကျွန်မ အလုပ်လုပ်ပြီးဝယ်တဲ့ကားလေးရှိတယ် ။ အဲ့ကားလေး သူ့ ပေးလိုက်ရတယ် ။ နောက်ပြီးတော့ ကလေးတွေ့ခွင့် ၊ သူပြောတဲ့အတိုင်းပေါ့။ သူလိုချင်တာတွေ အကုန်ပေးလိုက်ရတယ် ” ဟု ကာယကံရှင် မျိုးစန္ဒီကျော်က ရင်ဖွင့်ခဲ့သည်။

ဆက်လက်ပြီး ” လူတစ်ယောက်ကို ကိုယ်နဲ့ပတ်သက်တဲ့အချိန်မှာ အဲ့လူရဲ့အသိုင်းအဝိုင်းကအစ ၊ မိသားစုက အစ ၊ အကောင်းဆုံးပေးခဲ့တယ်။ အကောင်းဆုံးကြည့်ရှုခဲ့တယ် ၊ အကောင်းဆုံး စောင့်ရှောက်ခဲ့တယ် ။ အဲ့တော့ ကိုယ့်လိပ်ပြာလည်း ကိုယ်လုံတယ်။ ဒါပေမဲ့ ငါမှငါ ၊ ငါ့အမေမှ ငါ့အမေ၊ ငါ့ အစ်မ မှ ငါ့အစ်မ ဆိုတဲ့ ငါချည်းပဲ အတ္တအရမ်းစွဲနေတာကြတော့ သည်းခံနိုင်ဖို့ဆိုတာ အတိုင်းအတာ အရမ်းများသွားပြီ ” ဟု ပြောကြားခဲ့သည် ။ စက်တင်ဘာ ၁၉ ရက်နေ့က ခင်ပွန်းဟောင်း ဖြိုးကျော်ကျော် မြတ်နဲ့ တရားဝင်ကွာရှင်းအပြီးမှာပြောခဲ့တာပဲဖြစ်ပါတယ်။

Credit-စွယ်စုံ

Facebook Comments

Burmese Online News