ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင်အနေနဲ့ဝင်ရောက်လာပြီး အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာ ပရိသတ်တွေအားကျနှစ်သက်ရတဲ့ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။စမိုင်းလ်ဟာ စိတ်ထားကောင်းမွန်ပြီး လူတိုင်းအပေါ်မှာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။သူမရဲ့ မာန်မာနမရှိတန်းတူဆက်ဆံတတ်တဲ့ အကျင့်လေးကြောင့် သူမကို လူတိုင်နီးပါးက ချစ်ခင်ကြတာပါ။

Image may contain: 1 person, smiling, closeup

သို့သော်လည်း စမိုင်းလ်ကတော့ လတ်တလောမှာ ဖုန်းဆိုင်တစ်ခုက ဝန်ထမ်းတစ်ယောက်ရဲ့ အသလွတ်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခြင်းကို ခံလိုက်ရတာပဲဖြစ်ပါတယ်။ဒီလို ရိုင်းရိုင်းစိုင်းစိုင်းပြုမူဆက်ဆံခဲ့တဲ့ လုပ်ရပ်ကို စမိုင်းလ်က “Taw Win Mobile ကဖုန်းဆက်ပြီးနံပါတ်ရောင်းတဲ့မိန်းမ မအားလို့တော်ပြီပြောပြီးဖုန်းချလိုက်တာကို အခုလိုမျိုးပို့ပြီးဆဲတယ်တော့။ Sales and marketing သင်တန်းမှာအခုလိုသင်ထားလားမသိ ရိုင်းလိုက်တာ ဘုရားဘုရား မိန်းမဖြစ်ပြီးတော့ Taw Win Mobile ဘယ်နားမှာရှိလဲပြောကြပါ”လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing and outdoor

အခုလို အသလွတ် ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံခံရတာကြောင့် ဒေါသထွက်ခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူရဲ့ စကားလေးကြောင့် ဒေါသတွေပြေလျော့ခဲ့ရတဲ့အကြောင်းကို “ဘုရားတရားလုပ်နေရင်အကုသိုလ်အဖျက်တွေကြုံတွေ့ရစမြဲပါ။ တရားလေးမှတ်ဒေါသလေးလျော့ပြီး အဓိဌာန်မပျက်ဘုရားစာလေးရွတ်နေတာပဲကောင်းတယ်။သူ့အကုသိုလ်သူ့ဟာသူသွားလိမ့်မယ်။မောင်သင်ပေးနေတာ ကိုယ့်စိတ်နဲ့ကိုယ်ဆိုတစ်ခုခုလုပ်မိမှာ ( စိတ်လျော့ စိတ်လျော့ ) ဖူး ဝူး ဝူးးး”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်။ ပရိသတ်ကြီး တွေထဲမှာရော စိတ်တိုနေတဲ့ အချိန်မှာ စိတ်ပြေအောင်စကားလေးတွေပြောပေးတတ်တဲ့ သူကိုပိုင်ဆိုင်ထားပြီလား။

Image may contain: 2 people, closeup

Facebook Comments