သန်လျင်မြို့နယ်တွင် နေအိမ်တစ်အိမ် အနုကြမ်းစီးခံရ၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရှာဖွေဖော်ထုတ်လျက်ရှိ

Last modified date

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဘုရားကုန်းအုပ်စု ကျောက်ရေတွင်းကျေးရွာခြံအမှတ် ( ၅၀)ခရေပင်လမ်းနေ ဦးတင်နုနေအိမ်သို့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ (၄)နာရီ် ဝန်းကျင်ခန့်က ဓါးကိုင်ဆောင်သူအယောက် ၂၀ ခန့်မှ ဝင်ရောက်၍ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုအား တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ လိုက်လံဖော်ထုတ်လျက်ရှိပြီး ဖျက်စီးပစ္စည်းနှင့်ယူဆောင်သွားသောပစ္စည်းများမှာ 6C/6929 2N/3494 9M/8471 နောက်မှန်ကွဲ ဆိုင်ကယ် ၂ စီးရှေ့နောက်ရိုက်ခွဲ ဧည့်ခန်းတံခါးရိုက်ချိုး၍ တီဗွီများရိုက်ခွဲ စီစီတီဗွီများရိုက်ခွဲဖျက်စီးခဲ့ပြီး အိပ်ခန်းအတွင်းမှ စိန်ဖြူ 40KR ၃၀၀၀၀၀၀ နှင့်ပရက်တီနံအဝိုင်းပတ် ၁၂၅၀၀၀၀ တန်နှင့် ဆန်ဆောင်းဖုန်းတစ်လုံးယူဆောင်သွားကြောင်း သိရသည်။

 

 

#Source_NayMinnThaKhin #Myanmar_Online_News

Facebook Comments

Burmese Online News