မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ ကွာရှင်းရခြင်း အကြောင်းအရင်းကို ဘက်မလိုက်ဘဲ ပြောပြလာတဲ့ ဂျူလိုင်မိုး

Last modified date

သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာပဲ တရားဝင်ကွာရှင်းလိုက်ကြတာဖြစ်ပါတယ်။ နှစ်ဘက်လုံးအဆင်မပြေမှုတွေနဲ့ပြည့်နှက်နေတဲ့ ဒီအိမ်ထောင်ရေးလေးကို ပရိသတ်တွေက ပြန်လည်အဆင်ပြေစေချင်ကြပေမယ့် သမီးလေးနဲ့ ဝေးကွာသွားမှာစိုးရိမ်တဲ့စိတ်ကြောင့် လက်မှတ်ထိုးပေးလိုက်တာလို့ ဖြိုးကျော်ကျော်မြတ်က အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ရဲ့ အိမ်ထောင်အစတည်းက ပါဝင်သိကျွမ်းခဲ့တဲ့ အသိတစ်ယောက်က သူတို့ နှစ်ဦး အိမ်ထောင်ပြိုကွဲရတဲ့ အကြောင်းအရင်းတွေကိုပြောပြလာပါတယ်။ဖြိုး​ကျော်မြတ်နဲ့ ဂျိုးတို့ရဲ့ အိမ်ထောင်အစမှာကတည်းက ကိုယ်ကပါဝင်ခဲ့တဲ့သူ …အဲဒီတုန်းကလည်း ချစ်စခင်စ ကြင်နာစ နှစ်ယောက်ကို ဘာသွားပြောတယ်မှတ်လဲ နင်တို့လုပ်ရပ်က မိဘ​တွေခံစားနေ​ ​ကြရတယ် အခု မိဘ တွေကို ပြန် တောင်းပန်ကြ ပြန် ကြည့်ကြပါဟာ လို့ ကိုယ့်ထမင်း ကိုယ်စားပြီး ခေါင်းရောင်းခဲ့တဲ့ ကျမပါ

မနေ့ကလည်း သူတို့ နှစ်ယောက်ရဲ့ ကွာရှင်းမှုမှာ တရားရုံးထဲ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ စိတ်မ ကောင်း ဖြစ်နေရတာလည်း ကျမပါပဲ ဘယ်သူ့ဘက်မှမလိုက်ဘဲ ကျမ အလယ်က​နေ ပြောပြရရင် သူတို့နှစ်ယောက်က ပြဿနာကြီး မရှိဘဲနဲ့ ခွဲခွါကြရတဲ့အတွက် ဖြိုးကျော်မြတ်​ရော ဂျိုးရော နှစ်ယောက်လုံးကို သနားတယ် ဂျိုးက စိတ်သ ဘောထား အင်မတန် ပြည့်ဝသူပါ ဒါပေမဲ့ အနှုတ်သ ဘောဆောင်တာတွေ များလာတဲ့အခါ သူလည်း ပေါက်ကွဲလာပါတော့တယ် ဖြိုးကျော် မြတ်ကလည်း တကယ့် သားကောင်း မိခင်မုဆိုးမ ကို တစ်စက်ကေလးမှာ အထိမခံတဲ့သူ မိခင်နဲ့ မောင်နှမ ​တွေကို တအားချစ်တဲ့ သူ

အဲဒီမှာ အဓိက တာဝန် ရှိသူက မိခင်ပါပဲ ကိုယ့်သားကို တကယ်ချစ်ရင် သားဘဝ သားရှေ့ရေး သား ပျော်ရွှင်မှုကို ရှေးရှုရပါလိမ့်မယ် မိခင်ဆိုတာပေးဆပ်သူ ဖြစ်ရမယ်လေ ဒါမှမဟုတ် ငါဟဲ့ အ မေဆိုတဲ့ စိတ်နဲ့ ငါ့ကိုပဲ မထမနေရာ ထားရမယ် ငါ့ကို ပိုချစ် ရမယ်ဆိုတဲ့ စိတ်မျိုး ထားနေမယ်ဆိုရင် ကိုယ့်ကို ချစ်တဲ့ ကိုယ့်သားလေးဘဝ ​နောင်တစ်ချိန် အထီးကျန်ဆန်သွားပါလိမ့်မယ် ကျမ ချွေးမကောင်းအဖြစ်နဲ့ နေထိုင်ခဲ့ သလို သားအလှည့်ကျရင်လည်း ယောက္ခမ ကောင်း ဖြစ်ရပါစေ့မယ် သားက ကျမကို သူ့ဇနီးထက်ပို ချစ်ခဲ့ရင် ကျမကို ပိုမချစ်ဖို့ ကျမကိုယ်တိုင် ဆုံးမမှာ အမှန်ပါ ဘာကြောင့်လဲဆိုရင် ကျမ သားကို ကျမ သိပ်ချစ်လို့ပါပဲ

သူ့ကို ပြည့်စုံပျော်ရွှင်စေချင်တယ် ကျမကြောင့် သူ့အနာဂတ်ကို မပျက်စေချင်လို့ပါပဲ ပုံက တော့ သူတို့နှစ်ယောက် ကွာရှင်းအ​ ပြီး ဂျိုးကို ကျမ အမှတ်မထင် ရိုက်လိုက်တဲ့ ပုံလေးပါ နောက်မှာ ဖြိုးကျော်မြတ်ပါ ပါနေတာကတော့ တကယ့်အမှတ်တရ ဖြစ်ခဲ့ ရပါတယ် ??? ဂျူလိုင်မိုး

အဆိုပါ မိတ်ဆွေရေးသားထားတဲ့ ပို့စ်အောက်မှာတော့ မျိုးစန္ဒီကျော်က လာရောက်မှတ်ချက်ပေးထားတာကိုလည်း ယခုလိုတွေ့ရပါတယ်။ “ဂျူလိုင်ရေ ငါနင့်အောက်မှာဝင်မမန့်ချင်ပေမယ့်အကြောင်းစုံမသိသေးတဲ့သူတွေကိုသိအောင်နည်းနည်းလေးတော့ပြောပြခဲ့မယ် ငါ့စိတ်ထားဖြူစင်တာ ရိုးသားတာ ငါနဲ့အနီးကပ်ပေါင်းတဲ့သူတိုင်းသိတယ် အလုပ်မရှိတဲ့ယောက်ကျားနဲ့သူအမေ သူ့အမ သူ့တူ သု့တူမတွေကို ငါ့ပိုက်ဆံနဲ့ငှားထားတဲ့အိမ်မှာ ၄နှစ်ကျော် ငါရှာကျွေးခဲ့ တယ်သူ့အမေကိုလစဉ်ဆေးဖိုးတွေကြည်ဖြူစွာပေးခဲ့တယ် ငါ့အမေလည်းရောဂါသည်ပဲလေ ငါ့အမေကိုဆေးကုဖို့ပေးဖို့နေနေသာသာ ဖုန်းပြောရင်တောင်စပီကာဖွင့်ပြောရတယ် ငါ့အမေနဲ့ပြန်အဆင်ပြေလို့ ငါ့အိမ်ကိုသူမပါဘဲ သူ့အမမပါဘဲ မသွားရဘူး အဲ့ဒါရောတရားသလား သူ့တအိမ်လုံးကိုတောင်ငါကြည်ဖြူစွာနဲ့ကျွေးမွေးပြီးငါ့အိမ်ပေါ်ခေါ်တင်ထားခဲ့တာလေ အိမ်ထောင်ကျ ၄နှစ်ကျော်ကလေးမွေးပြီးမှအလုပ်လုပ်လို့သူ့သားရတဲ့လခ ငါ့ကိုအပ်တော့ သူ့အမေကငါ့ကိုမကြည်ဖြူတော့ဘူးလေ ကလေး ၄၄ရက်သားမှာတောင် ကလေးမြို့မှာငါသီချင်းသွားဆိုခဲ့ပြီးပိုက်ဆံရှာခဲ့ရတဲ့မိန်းမပါ ငါ့လိုဘယ်သူ သည်းခံကြည်ဖြူနိုင်သလဲ သူ့အမေရဲ့နင်တို့မင်းသမီးတွေကဖာခံစားတဲ့ဖာသည်မတွေလို့ပြောခဲ့တဲ့စကားကိုခုထိငါ့နားထဲကမထွက်ဘူး ငါဖြေခဲ့တဲ့အင်တာဗျူးတွေမှာ ဒီအကြောင်းတွေငါထည့်မဖြေသေးဘူးနော် ဖြေခဲ့သမျှလိမ်တာညာတာတခုမှမပါဘူး အေး လိမ်ရဲတဲ့သူ ရှက်တတ်ပါစေ နောက်အင်တာဗျူးတွေတော့ ငါအကုန်ထည့်ဖြေမိမလားမပြောတတ်ဘူးJuly July Moe”

ဖြိုးကျော်ကျော်မြတ်ကတော့ ယခုလို ရေးသားထားမှုအပေါ် စေတနာကိုနားလည်ပေမယ့် အထင်လွဲမှားမှုတွေရှိနေကြောင်းလည်း ပြန်လည်မှတ်ချက်ပေးထားကြတာဖြစ်ပါတယ်။

Facebook Comments

Burmese Online News