သိန်း (၁၅၀၀) ကျော်သုံးထားတဲ့ မွေးနေ့လက်ဆောင်နဲ့ ရွှေထူးကို Surprise လုပ်လိုက်တဲ့ ရွှေမှုံရတီ
သိပ်ကိုရိုကြလွန်းတဲ့ စုံတွဲလေးတွေလို့ တင်စားရလောက်အောင်ပါပဲ။ ချစ်တတ်လွန်းတဲ့ ရွှေမှုံလေးကို ပိုင်ဆိုင်ခွင့်ရထားတာလည်း ရွှေထူးအတွက်တော့ ဘုရားပေးတဲ့ လက်ဆောင်လေးလို့ဆိုရမှာပါ။ အထိမ်းအမှတ်နေ့တွေတိုင်း Surprise လေးတွေလုပ်ပြီး ဖြတ်သန်းပုံကလည်း အိမ်ထောင်ရေးဘဝကို ပိုမိုနွေးထွေးစေရုံမက မျှဝေပေးခြင်းအားဖြင့် ပရိသတ်တွေကိုလည်း ဝမ်းသာပျော်ရွှင်မှုလေးတွေ ဖြစ်စေပါတယ်။
အတိုက်အခိုက်တွေကြားထဲက တွဲထားရတဲ့ လက်တစ်စုံမို့ ပိုပြီး ခိုင်မြဲနေကြတယ်ဆိုတာ ပရိသတ်ကြီးလည်း အသိဆုံးဖြစ်မယ်ထင်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ယောက်ကတော့ မင်္ဂလာသက်တမ်း ၁ နှစ်နီးပါး ရှိတော့မှာပါ။ ငယ်ရွယ်နုပျိုလှတဲ့ အနုပညာရှင်လေးတွဖြစ်ကြပြီးတော့ ယုံကြည်ရာဆုံးဖြတ်ချက်တစ်ခုပေါ်မှာ လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေလည်း ဖြစ်ပါသေးတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့လေးဟာ အဆိုတော်ရွှေထူးရဲ့ မွေးနေ့ဖြစ်ပြီးတော့ ချစ်ဇနီးချောလေး ရွှေမှုံရတီက ခင်ပွန်းဖြစ်သူကို Surprise လုပ်ဖို့အတွက် ကျပ်သိန်းပေါင်း (၁၅၀၀) ကျော်ကို သုံးထားတယ်လို့ မွေးနေ့မတိုင်ခင်မှာ ပြောပြခဲ့ပါတယ်။ ငွေကျပ်သိန်းပေါင်း များစွာသုံးစွဲထားတဲ့ မွေးနေ့လက်ဆောင်လေးက ဘာများဖြစ်မလဲဆိုတာ ရွှေထူးကိုယ်တိုင် စိတ်ဝင်စားခဲ့ပြီးတော့ ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိခဲ့ကြပါတယ်။
မွေးနေ့ Surprise အလုပ်ခံလိုက်ရတဲ့ ရွှေထူးက ဒီနှစ်မွေးနေ့လေးဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ မွေးနေ့လေးဖြစ်ခဲ့ကြောင်းရေးသားထာားတာကြောင့် ပရိသတ်တွေက ရွှေပေါက်စလေးများ ဖြစ်နေမလားဆိုတဲ့ မှတ်ချက်ပေးမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
တကယ်တမ်း ရွှေမှုံရတီတစ်ယောက် ကျပ်သိန်း (၁၅၀၀) ကျော်သုံးပြီး Surprise လုပ်လိုက်တာကတော့ ဘာလေးလဲဆိုတာ ပရိသတ်ကြီး သိရအောင် အောက်ကပုံလေးတွေကို ကြည့်ကြည့်လိုက်ပါနော်။
Photos-Shwe Mhone Yati
Credit-We Love Cele