အမေစုကို နှုတ်ဆက်ဖို့ မဝံ့မရဲဖြစ်နေတဲ့ ဇနီးချောလေးကို အမေစုရှေ့ခေါ်သွားခဲ့တဲ့ လူမင်း
အနုပညာကို ချစ်မြတ်နိုးလွန်းလို့ လူငယ်ဘဝကတည်းက တစိုက်မတ်မတ် ကြိုးစားလာခဲ့တဲ့ သရုပ်ဆောင် လူမင်းကတော့ အခုအချိန်အထိ အောင်မြင်မှုတွေ များစွာ ပိုင်ဆိုင်ထားတဲ့ ဝါရင့်မင်းသားကြီးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လူမင်းက “အောင်ဆန်း” ရုပ်ရှင်ကို စတင်ရိုက်ကူးနေပြီဖြစ်ပြီး၊ နိုင်ငံ့အကြီးအကဲတွေများစွာ တက်ရောက်ခဲ့တဲ့ အဆိုပါ ရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားကိုတော့ မနေ့က စက်တင်ဘာလ (၂၄) ရက်နေ့က Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လူမင်းကတော့ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ အမေစုကို မနှုတ်ဆက်ရဲဖြစ်နေတဲ့ ချစ်ဇနီးချောလေးကိုလည်း တရင်းတနှီးဖြစ်အောင် မိတ်ဆက်ပေးခဲ့သေးတာကြောင့် ခင်စံပယ်ဦးတစ်ယောက် အရမ်းကို ပျော်ရွှင်ခဲ့ရတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ဂုဏ်ယူရတဲ့ ခင်ပွန်းကြောင့် မျက်နှာပွင့်လို့ ပျော်နေတဲ့ လူမင်းရဲ့ချစ်ဇနီးချောလေး ခင်စံပယ်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခင်စံပယ်ဦးကတော့ “ချစ်တဲ့ အမေစုကိုလေနှုတ်ဆက်ချင်ပေမယ့်လူအများရှေ့သွားပြီး မနှုတ်ဆက်ရဲလို့အဝေးကနေပဲကြည့်နေခဲ့တာကို လူမင်းကလာခေါ်တယ် အမေမေးနေတယ်လာပါတဲ့❤❤❤???” ဆိုပြီး အမေစုကို နှုတ်ဆက်ခွင့်ရလို့ ပျော်နေတဲ့အကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။
အမေစုနဲ့ ချစ်ဇနီးကို ပြုံးပြီးကြည့်နေတဲ့ လူမင်းရဲ့ပုံလေးက အသက်ပဲနော်…။
“အောင်ဆန်း” ရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားကိုတော့ မနေ့က စက်တင်ဘာလ (၂၄) ရက်နေ့မှာ Yangon Novotel Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်အစရှိတဲ့ နိုင်ငံရေးအကြီးအကဲတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ လူမင်းက ပုံဖော်ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို စမတ်ကျပြီး တော်တဲ့ ခင်ပွန်းကြောင့် အမြဲ မျက်နှာပွင့်ရလို့ ပျော်နေတဲ့ ခင်စံပယ်ဦးလေးကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-မိုမိုလေး