ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ပိုင်ဇေရဲထွန်းဟာဆိုရင် တစ်ချိန်က ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေလည်းရှိခဲ့တာကြောင့် သူ့ကို ခုအချိန်ထိချစ်ခင်အားပေးနေတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ၊၊ ပိုင်ဇေရဲထွန်းတို့ ရဲ့မိသားစုလေးက လည်းပရိသတ်တွေအားကျချစ်ခင်ရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သမီးကြီးရဲ့ မွေးနေ့မှာ မွေးနေ့လက်ဆောင် အဖြစ် တန်ဖိုးကြီးလက်စွပ်နဲ့ ကျောက်ဘူးလက်ဆောင်ပေးခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဇေရဲထွန်း တို့ဇနီးမောင်နှံမှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးကြီး နဲ့ သားလေးနှစ်ယောက်ရှိပါတယ်။ဒီနေ့လေးကတော့ သမီးကြီး ရဲ့ အသက်၁၃ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်း တို့ဇနီးမောင်နှံ က သမီးကြီးကို ညဘက်ကြီးသွားရောက် မွေးနေ့Surprise လုပ်ပေးခဲ့ကြတာပါ။သမီးကြီးကို မွေးနေ့လက်ဆောင် အဖြစ် တန်ဖိုးကြီးလက်စွပ်နဲ့ ကျောက်ဘူး ကိုပေးခဲ့တာပဲ ဖြစ်ပါတယ်။


ပိုင်ဇေရဲထွန်း ရဲ့ ဇနီးက ” ညကသမီးလေးမွေးနေ့အမှတ်တရမေမေ့အစီစဉ်….အသက်၁၃နှစ်ပြည့်တဲ့သမီးလေးကို လက်ဆောင်ပေးဖို့စီစဉ်ရင်းမေမေသဲအကြံလေးတစ်ခုရတယ်..နှစ်တိုင်းနှစ်တိုင်းသူတို့လိုချင်တဲ့ electronic ပစ္စည်း အသုံးဆောင် အရုပ်ဘယ်လောက်ပဲသတိတရဝယ်ပေးပေး နောက်တစ်နှစ်မွေးနေ့မှာ သူတို့သတိမရကြတော့ဘူး သူတို့လက်ထဲ အမြတ်တနိုးရှိမနေတော့ဘူး….အဲ့ဒါကြောင့်ဒီနှစ်မွေးနေ့ကို သမီးအတွက် သူကြိုက်တဲ့ပုံလက်စွပ်လေးကိုဝတ်ဖို့ရယ်… သူ့အတွက်တစ်နှစ်အတွင်းတိုးပွားအောင်လုပ်ဖို့ကျောက်ဘူးလေးတစ်ဘူးရယ်စီးပွားရေးတစ်ခုအစပြုဖို့လက်ဆောင်ပေးလိုက်တယ်… မီးမီးပိုင်တဲ့ဒီကျောက်ဘူးလေးကိုရောင်းပေးပီး နောက်တစ်ခုထပ်ဝယ်ပေးမယ်… နောက်နှစ်ဒီလိုအချိန်ဘယ်လောက်တိုးပွားလာလဲသိချင်မိတယ်💝💝💝 ချစ်တဲ့မေမေ (မီးမီးပိုင်သွားပီဖြစ်တဲ့ဒီကျောက်ဘူးလေးရောင်းမယ်နော် ၉သိန်းကျပ်ထဲပါ ၁၀သိန်းအထက်ရှိတဲ့ဒီဘူးလေးကို အစခြေလှမ်းလေးမို့ လွန်ခဲ့တဲ့၂နှစ်ကျော်ကဝယ်ဈေးနဲ့ပဲရောင်းပေးလိုက်ပါတယ်)” ဆိုပြီး ပြောထားပါတယ်။

သမီးလေးကို မွေးနေ့ Surprise လုပ်ပေးကြတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ရဲ့ မိသားစုပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-Momolay

Facebook Comments